M99E1103KC99MT99

ကိုယ်တော်သည် မည်သူဖြစ်နည်း

သခင်ဘုရားကိုချီးမွမ်းခြင်း-အရာအားလုံးပါဝင်ခြင်း

21

Verse 1

ကိုယ်တော်သည် မည်သူဖြစ်နည်း

ထာဝရတည်သောခမည်းတော်

ဖန်ဆင်းခြင်း၏သားဦးဖြစ်တော်မူ

ကိုယ်တော်သည် ကျွန်ုပ်တွင်း၌သက်ရှင်

ခမည်းတော်ဖြစ် - အံ့သြဖွယ်။

Verse 2

ကိုယ်တော်သည် မည်သူဖြစ်နည်း

တန်ခိုးကြီးသောစီးဆင်းမြစ်ရေ

ကန္တရတော၌ ငါ့ကိုရေလောင်း

ကျွန်ုပ်၏ခိုလှုံရာလူသားဖြစ်

စီးဆင်းမြစ်ရေ - အံ့သြဖွယ်။

Verse 3

ကိုယ်တော်သည် မည်သူဖြစ်နည်း

စပျစ်ပင်၊ အခက်၊ ယေရှဲမြစ်

ကျွန်ုပ်တို့အတွက် အသက်ပင်ဖြစ်

ကိုယ်တော့်ကိုစားသုံး အသက်ပိုင်ဆိုင်

စပျစ်နွယ်ပင် - အံ့သြဖွယ်။

Verse 4

ကိုယ်တော်သည် မည်သူဖြစ်နည်း

သိုးထိန်း၊ သိုးငယ်၊ ဆိတ်လည်းဖြစ်မူ

မြက်ခင်း၌ ကျွေးမွေး၊ နားခိုခြင်းပေး

အသွေးသွန်းသော သိုးသငယ်ကိုစား

သိုးထိန်းဖြစ်မူ - အံ့သြဖွယ်။

Verse 5

ကိုယ်တော်သည် မည်သူဖြစ်နည်း

ရာအားလုံးပါဝင် ဝိညာဉ်တော်

ကျွန်ုပ်တို့တွက် ရာခပ်သိမ်းဖြစ်မူ

ကိုယ်တော်ကိုခေါ်လျှင် အသက်ရရှိ

ဝိညာဉ်တော်ဖြစ် - အံ့သြဖွယ်။

Verse 6

ကိုယ်တော်သည် မည်သူဖြစ်နည်း

အသက်ရှင် စစ်မှန်ပုဂ္ဂိုလ်တော်

ကျွန်ုပ်တို့အတွင်း၌ သက်ရှင်နေ

ဤပုဂ္ဂိုလ်တော်သည် ဘုန်းတော်ထင်ရှား

ပုဂ္ဂိုလ်တော်ဖြစ် - အံ့သြဖွယ်။

Verse 7

ကိုယ်တော်သည် မည်သူဖြစ်နည်း

ဘုရားဖြစ်ခြင်း လုံးလုံးပြည့်ဝ

ခမည်းတော်ကြံစည် အလယ်ဗဟို

ခရစ်တော်နှင့်အသင်းတော် - လူသစ်

ကိုယ်တော်အံ့ဖွယ် - အံ့သြဖွယ်။

ကိုယ်တော်အံ့ဖွယ်၊ အံ့သြဖွယ်။

ကိုယ်တော်အံ့ဖွယ်၊ အံ့သြဖွယ်။

Hymn details

Meter: Peculiar Meter.

Key: F Major

Time: 4/4

Audio