ထာဝရမေတ္တာဖြင့်ချစ်
Verse 1
ထာဝရမေတ္တာဖြင့်ချစ်
ကျေးဇူးတော်ဖြင့် မေတ္တာသိ
ထက်မှ ဝိညာဉ်တော်မှုတ်သွင်း
ကိုယ်တော်သွန်သင်ပြသပေး
အို စုံလင်သောငြိမ်သက်ခြင်း
ဘုရားဆိုင်ရာဖြည့်ပေးခြင်း
မေတ္တာ၌ ရပ်စဲခြင်းကင်း
ကိုယ်တော်ကို ကျွန်ုပ်ပိုင်ဆိုင်။
Verse 2
ထက်ကောင်းကင်ပြာသည် နူးညံ့
မြေကြီးသည် စိမ်းလန်းစိုပြေ
သက်ရှိများရောင်စုံရှင်သန်
ခရစ်တော်မဲ့သူ မမြင်
ငှက်များဝမ်းမြောက်တေးသံကျူး
ပန်းများဝေဆာလှပနေ
ကိုယ်တော်ကို ကျွန်ုပ်သိရ
ကိုယ်တော်ကို ပိုင်ဆိုင်ရပြီ။
Verse 3
ယခင်ကထိတ်လန့်ရာများ၊
ယခုနှောင့်ယှက်မဖြစ်တော့
ထာဝရလက်တော်၌ရှိ၊
မေတ္တာရင်ခွင်၌ခေါင်းအုံး
အို ထာဝရလဲလျောင်းမည်၊
သံသယ၊ အတ္တ စွန့်လွတ်
တိုးညင်းစကားသံတော်ကြား၊
ကိုယ်တော်ကို ကျွန်ုပ်ပိုင်ဆိုင်။
Verse 4
ကိုယ်တော်သည် ထာဝရတည်၊
ကိုယ်တော်၌ ကျွန်ုပ်ပါဝင်
အမြင့်ဆုံးသောနားခိုခြင်း၊
စိတ်နှလုံး၌မေတ္တာဖြည့်
ကောင်းကင်မြေကြီးရွေ့သွားလည်း၊
လင်းရောင်ခြည်မှေးမှိန်သွားလည်း
ကိုယ်တော်နှင့်အကျွန်ုပ်သည်၊
အပြန်အလှန်ပိုင်ဆိုင်ရ။
Audio