Back to YP Songs

YP65NS451

ကျွန်ုပ်၌ ကိုယ်တော်အိမ်ဆောက်ပါ

21

Verse 1

ကျွန်ုပ်၌ ကိုယ်တော်အိမ်ဆောက်ပါ

အခန်းတိုင်းကိုယ်တော်ပိုင်မူပါ

ကိုယ်တော်နှင့်ပြည့်ဝစေမူပါ

ကျွန်ုပ်၌ ကိုယ်တော်နားခိုပါ။

Verse 2

ကိုယ်တော့်အထဲသို့အိမ်ဆောက်လုပ်

ကျွန်ုပ်၏နားခိုအိမ်ကိုယ်တော်

ဗိမာန်တော်၌တိုင်ဖြစ်စေပါ

ကိုယ်တော်၌ထာဝရတည်နေ။

Verse 3

ကိုယ်တော်၏ဖိုးထိုက်သွေးတော်သွန်း

နီးကပ်ဆုံးကျွန်ုပ်ချဉ်းကပ်နိုင်

ရှင်ပြန်ထမြောက်ခြင်း၌ဆောင်ယူ

ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်။

Verse 4

ကျွန်ုပ်ချစ်သခင်၊ သတို့သား

အသိဉာဏ်၊ ခံစားမှု၊ အလို

အခန်တိုင်းကို တံခါးဖွင့်ပေး

ကိုယ်တော်နှင့်အပြန်အလှန်နားခို။

Verse 5

နက်နဲရာများ၏နက်နဲခြင်း

ကိုယ်တော်နှင့်အပြန်အလှန်တည်

ကိုယ်တော့်ဗိမာန်တော် အသင်းတော်

ကျွန်ုပ်တို့၏တဲတော်ကိုယ်တော်။

Verse 6

သခင်၊ နေ့တိုင်းအိမ်ဆောက်မူပါ

ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်

သန့်ရှင်းနာမတော်ရေးမူပါ

မြို့တော်သစ်နာမရေးမူပါ။

Verse 7

ကိုယ်တော်ကျွန်ုပ်၊ ကျွန်ုပ်ကိုယ်တော်

ချစ်သူတို့ အပြန်လှန်တည်

မကြာမီထာဝရရောက်လာ

လူနှင့်ဘုရားကိန်းဝပ်တူရှိ။

Audio