ကိုယ်တော်ကို ချစ်ရန်သာသိသည်
Verse 1
ယေရှုရှင် ကျွန်ုပ်၏ချစ်သူ၊ ရှိသမျှအချစ် ကိုယ်တော့်တွက်
မည်သူနှိုင်းယှဉ်နိုင် ကိုယ်တော့်လှပမှု၊ ကိုယ်တော်နဲ့မည်ရာနှိုင်းမရ
ခေါ်သံတော် စိတ်နှလုံးထဲရောက်၊ ချိုမြိန်သံဝမ်းမြောက်နားထောင်မည်
ချည်းနှီးအရာရှာဖွေခြင်းကင်းမဲ့လာ၊ မာန်မာနရှိသမျှပျောက်ကွယ်။
chorus
မည်သူနှိုင်းယှဉ်နိုင်၊ ကိုယ်တော့်လှပခြင်း
မည်သူနှိုင်းယှဉ်နိုင်၊ ချိုမြိန်ချစ်ဖွယ်ရှင်
ရှိသမျှအချစ် ကိုယ်တော်ပိုင်ထိုက်ရာ၊ ယေရှုကို ကျွန်ုပ်ချစ်လှသည်
ခံစားမှုအားဖြင့် လှည့်ဖြားမခံတော့
အခြေအနေ၌ ကိုးစားမပြုတော့
ကိုယ်တော်ကို ထာဝစဉ်ချစ်ရန်သာသိ၊ ယေရှုကို ကျွန်ုပ်ချစ်လှသည်။
Verse 2
ယေရှုရှင်၊ ကျွန်ုပ်၏ချစ်သူ
ခက်ထန်မှုခြေတော်ရင်းချထား
အစေခံကျွန်ဖြစ်ခြင်းကို ချစ်နှစ်သက်
နာခံခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်
ကိုယ်တော့်လမ်း ကျွန်ုပ်ရွေးချယ်ရာ
ခက်ခဲမည်ဖြစ်ကြောင်းသိသော်လည်း
ကျွန်ုပ်တောင့်တရာ ကိုယ်တော့်ကျေနပ်ရာ
မေတ္တာတော်သည် ငြိမ်သက်ခြင်းဖြစ်။
chorus
မည်သူနှိုင်းယှဉ်နိုင်၊ ကိုယ်တော့်လှပခြင်း
မည်သူနှိုင်းယှဉ်နိုင်၊ ချိုမြိန်ချစ်ဖွယ်ရှင်
ရှိသမျှအချစ် ကိုယ်တော်ပိုင်ထိုက်ရာ၊ ယေရှုကို ကျွန်ုပ်ချစ်လှသည်
ခံစားမှုအားဖြင့် လှည့်ဖြားမခံတော့
အခြေအနေ၌ ကိုးစားမပြုတော့
ကိုယ်တော်ကို ထာဝစဉ်ချစ်ရန်သာသိ၊ ယေရှုကို ကျွန်ုပ်ချစ်လှသည်။
Verse 3
ယေရှုရှင်၊ ကျွန်ုပ်၏ချစ်သူ
ကျွန်ုပ်ရပ်တည်မှုမပြောင်းလဲ
ပြုံးရွှင်မျက်နှာတော် ခွါမသွားပါနဲ့
ကျွန်ုပ်မျှော်လင့်ရာ ကြွလာခြင်း
ကျွန်ုပ်၏အလိုဆန္ဒမှာ
ကိုယ်တော်သာချစ်ခြင်း၊ ကျေနပ်ခြင်း
ကျွန်ုပ်၏ထာဝရဝေစုရှာဖွေ
ခြားမရှိ ကိုယ်တော်တစ်ပါးသာ။

Audio