Back to YP Songs

YP59HYM1248

ဒါဝိဒ်မည်သို့ကျိန်ဆို

21

Verse 1

ဒါဝိဒ်မည်သို့ကျိန်ဆို၊ "ငါ့အိမ်ထဲ ငါမဝင်

အိပ်ရာထဲ ငါမဝင်၊ ငါ့မျက်စိနိုးကြားစေပါ

ကိုယ်တော်ဖို့ နေရာတွေ့သည်တိုင်၊ သခင်အတွက် နေရာ"

ဘုရားအိမ်တော် လိုအပ်လျက်ရှိ၊ ထိုနေရာ ကိုယ်တော်ကိန်း။

Verse 2

မည်မျှမျက်စိကန်းနေ၊ မိမိဖို့သာ စဉ်းစားကြ

ဘုရားအိမ် ပျက်စီးနေ၊ ကျွန်ုပ်တို့ကို ချိုးဖဲ့ပါ

တောင်ပေါ်သို့ ကျွန်ုပ်တို့တက်၊ သစ်သားယူအိမ်တော်ဆောက်

"နောက်နေ့" ဟူ၍ စကားမဆို၊ လာကြတည်ဆောက်ချိန်တန်။

Verse 3

ယနေ့ကို ဆန့်ကျင်ကာ၊ အိမ်တော်တွက် လှုံ့ဆော်မူပါ

ဒါဝိဒ်နေ့ရက်ကဲ့သို့ ၊ အလိုဆန္ဒရှိသူများ

အိမ်တော်၌ အမှုကိုဆောင်၊ အို မည်မျှကောင်းချီးဖြစ်

ကိုယ်တော်အလို၊ ကျွန်ုပ်အလို ၊ အိမ်တော် ကျွန်ုပ်တို့ဆောက်။

Verse 4

ခေါ်ခြင်းခံသူများ၌၊ တည်ဆောက်ခြင်းတွက် မရပ်နား

အလေးထားစေမူပါ၊ ယနေ့သည် ပြင်ဆင်ချိန်မှန်

အသင်းတော်တည်ဆောက်ခြင်းကို

ငရဲတံခါးမနိုင်

တည်ဆောက်သူနှင့်အချိန် နည်းပါး၊

ကျွန်ုပ်၌ တည်ဆောက်ပါ။

အသင်းတော်တည်ဆောက်ခြင်းကို

ငရဲတံခါးမနိုင်

တည်ဆောက်သူနှင့်အချိန် နည်းပါး၊

ကျွန်ုပ်၌ တည်ဆောက်ပါ။

Audio