Back to YP Songs

YP47ENG

နံနက်ခင်း၌နိုးကြား၊ နေ့လည်ချိန်၌နိုးကြား

21

Verse 1

နံနက်ခင်း၌နိုးကြား၊ နေ့လည်ချိန်၌နိုးကြား

ညအချိန်၌နိုးကြား၊ သန်ရှင်းသူများနှင့်

တစ်လုံးတစ်ဝရှိကာ၊ တစ်အိမ်ပြီးတစ်အိမ်ဆုံ

ငါတို့သည်ရွှင်လန်းစွာ၊ ကောက်လှိုင်းများဆောင်ယူ။

chorus

(ကောက်လှိုင်းများဆောင်ယူ၊ ကောက်လှိုင်းများဆောင်ယူ

ငါတို့သည် ရွှင်လန်းစွာ၊ ကောက်လှိုင်းများဆောင်ယူ)၂

Verse 2

အသင်းတော်၌သက်ရှင်၊ ဧဒင်၌ဝမ်းမြောက်ကြ

ငါတို့သက်သေခံချက်- "ဝိညာဉ်များတောက်လောင်"

ဤလမ်းသည် သက်သေတည်၊ ပျောက်သောသားပြန်လာပြီ

လှည့်လည်ခြင်းရပ်တန့်ကာ၊ သိုးစုများပြန်လာ။

chorus

(သိုးစုများပြန်လာ၊ သိုးစုများပြန်လာ

ပြန်လာသောသိုးစုများ၊ အားလုံးဝမ်းမြောက်ရ)၂

Verse 3

ကိုယ်တော်သာတတ်စွမ်းနိုင်၊ သံသယကင်းယုံကြည်

ကောင်းသောစကားပြောဆို၊ ကျွန်ုပ်ကြီးထွားလာ

ဝိညာဉ်တော်ရှေ့မှောက်တည်၊ ဘိသိက်ပေးခြင်းနောက်လိုက်

ဝိညာဉ်တော်၌နစ်မြှုပ်၊ အသက်ရေစီးဆင်း။

chorus

(လမ်းသစ်၌သက်ရှင်၊ အခက်တိုင်းကြီးထွား

ငါတို့သည် ရွှင်လန်းစွာ၊ လစဉ်အသီးသီး)၂

Verse 4

နိုးကြားမှုသန်စွမ်းလာ၊ တန်ခိုးတော်ဖြင့်ဆုတောင်း

စုပေါင်းခြင်းလှုံ့ဆော်ခံ၊ တန်ခိုးတော်လိုအပ်

တစ်လုံးတစ်ဝစောင့်ထိန်း၊ အတူလက်တွဲလျှောက်လှမ်း

ငါတို့ကြိုးစားအားထုတ်၊ လမ်းသစ်အောင်မြင်မည်

chorus

(အားလုံးအစေခံ၊ ရန်သူကြောက်ရွံ့မည်

ငါတို့အားလုံးဝမ်းမြောက်၊ လမ်းသစ်အောင်မြင်မည်)၂