ကိုယ်တော်၏နာမတော်ကိုခေါ်ချိန်မှစ၍
Verse 1
နာမတော်ကို ခေါ်ချိန်မှ၊ ကျွန်ုပ်သက်တာပြောင်းလဲလာ
ကျွန်ုပ်၏ကယ်တင်ရှင်နာမတော်ကိုခေါ်
မျှော်လင့်ခြင်းမဲ့ စွန့်ပယ်ခံ၊ ကိုယ်တော်ကို မသိမြင်ခဲ့
ယခုတွေ့ပြီ၊ ယေရှုသက်ရှင်နေ။
chorus
ယခုကျွန်ုပ်သက်တာ၌ သက်ရှင်ခြင်းကိုမြင်တွေ့ရပြီ
စိတ်နှလုံး၌ ဘုရားလှုပ်ရှားလောင်ကျွမ်းနေ
ရှက်ကြောက်စိတ်မရှိတော့ပါ စစ်မှန်ခြင်းကို မြင်ရပြီ
ခုသိပြီ၊ အို ယေရှုသက်ရှင်နေ။
Verse 2
မိတ်ဆွေများ ကဲ့ရဲ့သော်လည်း၊ ကျွန်ုပ်ဂရုမစိုက်ပါ
ကိုယ်တော်သာ ကျွန်ုပ်သက်ရှင်ရာ ပုဂ္ဂိုလ်ဖြစ်
ပြစ်တင်ကဲ့ရဲ့ခံရလည်း၊ သူတို့မသိနားမလည်
ကျွန်ုပ်တွေ့ရှိ ယေရှုသက်ရှင်နေ။
chorus
ယခုကျွန်ုပ်သက်တာ၌ သက်ရှင်ခြင်းကိုမြင်တွေ့ရပြီ
စိတ်နှလုံး၌ ဘုရားလှုပ်ရှားလောင်ကျွမ်းနေ
ရှက်ကြောက်စိတ်မရှိတော့ပါ စစ်မှန်ခြင်းကို မြင်ရပြီ
ခုသိပြီ၊ အို ယေရှုသက်ရှင်နေ။
Verse 3
ကျွန်ုပ်ခေါ်သော ပုဂ္ဂိုလ်မှာ၊ ရုပ်တုနှင့်ရုပ်ပုံမဟုတ်
ကျွန်ုပ်တွင်း၌ အသက်ရှင်သောပုဂ္ဂိုလ်တော်
ယခင်ကျွန်ုပ်မမြင်ခဲ့၊ ဖွင့်ပေးရန်သာ ကိုယ်တော်လို
ထိုခါ ယေရှု သက်ရှင် စစ်မှန်လာ။
chorus
ယခုကျွန်ုပ်သက်တာ၌ သက်ရှင်ခြင်းကိုမြင်တွေ့ရပြီ
စိတ်နှလုံး၌ ဘုရားလှုပ်ရှားလောင်ကျွမ်းနေ
ရှက်ကြောက်စိတ်မရှိတော့ပါ စစ်မှန်ခြင်းကို မြင်ရပြီ
ခုသိပြီ၊ အို ယေရှုသက်ရှင်နေ။
Audio