သားတော်ကိုစေလွှတ်တော်မူ
21
Verse 1
သားတော်ကို စေလွှတ်တော်မူ၊ ဟာလေလုယ
ကယ်တင်ခြင်းအမှုပြုပေး၊ ဘုန်းကြီးပါစေ
ဘုရားကိုယ်တိုင်လူဖြစ်လာ ကိုယ်တော်၌ ကျွန်ုပ်ရှင်လာ။
chorus
ကိုယ်တော်ကို ကျွန်ုပ်ခေါ်
ကိုယ်တော်ထံ ဆက်ကပ်ပြီ။
Verse 2
ကျွန်ုပ်တွက် ကိုယ်တော်သေခံ၊ ဟာလေလုယ
အားလုံးတွက် လူသားသေခံ၊ ဘုန်းကြီးပါစေ
မျိုးစေ့တစ်စေ့ကျပျက်ရာ
မျိုးစေ့များစွာ ဖြစ်ပွားလာ။
chorus
ကိုယ်တော်ကို ကျွန်ုပ်ခေါ်
ကိုယ်တော်ထံ ဆက်ကပ်ပြီ။
Verse 3
ကိုယ်တော်ထမြောက် အောင်မြင်ပြီ၊ ဟာလေလုယ
သင်္ချိုင်းတွင်းမှ အောင်မြင်ပြီ၊ ဘုန်းကြီးပါစေ
ထမြောက်ခြင်း၌ ကိုယ်တော်သည်
ဝိညာဉ်တော် ကျွန်ုပ်၌ရှင်။
chorus
ကိုယ်တော်ကို ကျွန်ုပ်ခေါ်
ကိုယ်တော်ထံ ဆက်ကပ်ပြီ။
Verse 4
ကိုယ်တော့်ကို အတွင်းမှခေါ်၊ ဟာလေလုယ
ခေါ်လျှင် ကိုယ်တော်ဝင်ရောက်လာ၊ ဘုန်းကြီးပါစေ
နာမတော်ကိုသာခေါ်ပါ
သင်သည် ပြောင်းလဲခြင်းရှိမှာ။
chorus
ကိုယ်တော်ကို ခေါ်ကြစို့
ကိုယ်တော့်ထံ ဆက်ကပ်စို့။
Audio