ဖြောင့်မတ်ခြင်းဆုကျေးဇူး
Verse 1
ဖြောင့်မတ်ခြင်းဆုကျေးဇူးကို ကြွယ်ဝစွာပေးအပ်ပြီ
ကိုယ်တော်မေတ္တာနက်နဲခြင်း တိုင်းတာမရ
သင်နှင့်ကျွန်ုပ်ကိုချစ် ကရုဏာတော်ကြွယ်ဝလှ
ဘုရား၏ပလ္လင်ပေါ်မှ သိုးငယ်အရှင်။
chorus
အိုနာမတော်ခေါ်ရန် သင်၏နှုတ်ကိုဖွင့်ပါ
သင်၏ဝိညာဉ်၌ ကျေးဇူးတော်သွန်းလောင်းရာ
နာမခေါ်၊ မြည်းစမ်းပါ၊ မျက်မှောက်တော်၌ လေ့ကျင့်ပါ
ကိုယ်တော်တောင့်တလျက်နေ ကိုယ်တော်စောင့်မျှော်လျက်နေ
ကိုယ်တော်မြဲကြိုလင့်နေ ပြန်၍ သခင်ထံလာ။
Verse 2
သင့်နက်နဲစဉ်းစားခြင်း အားလုံးကို ကိုယ်တော်သိမြင်
သင့်စိတ်နှလုံးကြံစည် ကိုယ်တော်သိမြင်သည်
တားဆီးရာမရှိပါ၊ ကိုယ်တော်ထံသင်လှည့်ပြန်ပါ
စိတ်နှလုံးကိုယေရှုထံ ကျွန်ုပ်ပေးအပ်
chorus
အိုနာမတော်ခေါ်ရန် သင်၏နှုတ်ကိုဖွင့်ပါ
သင်၏ဝိညာဉ်၌ ကျေးဇူးတော်သွန်းလောင်းရာ
နာမခေါ်၊ မြည်းစမ်းပါ၊ မျက်မှောက်တော်၌ လေ့ကျင့်ပါ
ကိုယ်တော်တောင့်တလျက်နေ ကိုယ်တော်စောင့်မျှော်လျက်နေ
ကိုယ်တော်မြဲကြိုလင့်နေ ပြန်၍ သခင်ထံလာ။
Audio