Back to YP Songs

YP177NS720

ယခုသည် ဂျူဘလီနှစ်ဖြစ်သည်

21

Verse 1

သခင်ကို ယုံကြည်သူအား

လွတ်မြောက်ခြင်းကို ပေးအပ်ခဲ့

ကျွန် မခံရတော့ပေ

ယခု ယေရှုထံ ပြန်လာ

လွတ်မြောက်သော အသက် ရယူ

နာမခေါ် ကယ်တင်ခံ။

chorus

ယခုသည် ဂျူဘလီနှစ်ဖြစ်

ကိုယ်တော်၌ လွတ်မြောက်ခြင်း ကြွေးကြော်

မြေတစ်ပြင်လုံး ကြွေးကြော်ကုန်

ကျွန်များ ကိုယ်တော်ထံ ပြန်လာပြီ

ပင်ပန်း စိုးရိမ်ခြင်း၊ အပြစ်မှ လွတ်မြောက်

ယခုသည် ဂျူဘလီနှစ်ဖြစ်။

Verse 2

ဝေစုမြေကို ပြန်ရခြင်း

ကြွယ်ဝသော ပိုင်ဆိုင်ရာ ဘုရား

ကိုယ်တော်နှင့် ပွဲခံ

ဘုရားမိသားစုနှင့် ဝမ်းမြောက်

ကျေနပ်ခြင်း၊ ငြိမ်သက်ခြင်း တွေ့ရှိ

ထာဝရ နေထိုင်ရာ။

Audio