ဤလောကအတွက် မဟုတ်တော့
21
Verse 1
ဤလောကအတွက် မဟုတ်တော့
သခင်ထံ ကျွန်ုပ်ရောက်ပြီ
မျက်စေ့တော်ထဲ ကြည့်ရှုရာ
ဖြစ်ခြင်းအားလုံး ပြည့်ဝကျေနပ်ရ
ကိုယ်တော်အပေါ်သာ မျှော်လင့်ထား
အခြားလုပ်ရန် မရှိပါ
ချစ်လျက် ကိုယ်တော်ကို သက်ရှင်
စိတ်နှလုံး၌ နက်နဲဆုတောင်းရာ။
refrain
သခင်ကို ချစ်သည်
စိတ်နှလုံး ဖြည့်ခံ
စစ်မှန်သော အသက်
ကိုယ်တော်သာ ထင်ရှား။
Verse 2
ကိုယ်တော်၌ ရာခပ်သိမ်းတွေ့
နားခိုခြင်း၊ ငြိမ်သက်ခြင်းရ
စိုးရိမ်ခြင်း မရှိတော့ပြီ
သခင်၌ အသက်များဝှက်ထားခံ
ထင်မြင်ချက်များ ဖယ်ရှားပေး
ဇာတိလူကို ချိုးဖဲ့ပေး
ကျွန်ုပ်တို့ လူသစ်တစ်ဦး
ဘုန်းမျှော်လင့်ရာ ခရစ်တော်ရှိပြီ။
refrain
သခင်ကို ချစ်သည်
စိတ်နှလုံး ဖြည့်ခံ
ကိုယ်ခန္ဓာတော်ဖြစ်
ကိုယ်တော် ကိုယ်စားပြု။
Audio