Back to YP Songs

YP152NS506

အောင်မြင်သောသူဖြစ်ရန် ရွေးချယ်ခြင်း

21

Verse 1

နောဧသက်တာသည် ခေတ်ကာလ ပြောင်းလဲစေ

ဘုရားကျေးဇူး တွေ့ရှိချိန်

လောကကို ဆန့်ကျင်ရပ်တည်ရန် မကြောက်ရွံ့

သစ်သားဖြင့် သင်္ဘောတည်ဆောက်။

chorus

သင်သည် သက်ရှင်သော အောင်မြင်သောသူဖြစ်မည်လော

ယေရှုကိုချစ်သောသူဖြစ်ရန် ရှက်ရွံ့ခြင်းမရှိဘဲ

အသက်ပင်ကို စားသုံးသူ

အသက်ရေသောက်သုံးမည်လား၊

သင်သည် သက်ရှင်သော အောင်မြင်သောသူဖြစ်မည်လော

ယနေ့ခေတ်ကို ပြောင်းလဲစေရန်

လောကစွန့် ဆက်ကပ်အပ်နှံ

ကိုယ်တော်ကြွလာခြင်းတွက် ကျွန်ုပ်ပေးအပ်။

Verse 2

မောရှေသက်တာသည် ဘုရား၏ခေါ်ခြင်းခံ

ခေတ်ကို ပြောင်းလဲစေရန်ဖြစ်

ဘုရားလှုပ်ရှားခြင်းတွက် တိုင်ပင်ဖော်လည်းဖြစ်

သစ္စာရှိ နှိမ့်ချ သက်ရှင်။

chorus

သင်သည် သက်ရှင်သော အောင်မြင်သောသူဖြစ်မည်လော

ယေရှုကိုချစ်သောသူဖြစ်ရန် ရှက်ရွံ့ခြင်းမရှိဘဲ

အသက်ပင်ကို စားသုံးသူ

အသက်ရေသောက်သုံးမည်လား၊

သင်သည် သက်ရှင်သော အောင်မြင်သောသူဖြစ်မည်လော

ယနေ့ခေတ်ကို ပြောင်းလဲစေရန်

လောကစွန့် ဆက်ကပ်အပ်နှံ

ကိုယ်တော်ကြွလာခြင်းတွက် ကျွန်ုပ်ပေးအပ်။

Verse 3

ရှမွေလသည် ဘုရားတွက် လုံးလုံးသက်ရှင်

ယဇ်ပုရောဟိတ်ဖြစ် မှုဆောင်

နာဇရိလူဖြစ်ရန် မိမိကိုယ် ပေးအပ်

သေခြင်း၊ လောကမှ လွတ်မြောက်။

chorus

သင်သည် သက်ရှင်သော အောင်မြင်သောသူဖြစ်မည်လော

ယေရှုကိုချစ်သောသူဖြစ်ရန် ရှက်ရွံ့ခြင်းမရှိဘဲ

အသက်ပင်ကို စားသုံးသူ

အသက်ရေသောက်သုံးမည်လား၊

သင်သည် သက်ရှင်သော အောင်မြင်သောသူဖြစ်မည်လော

ယနေ့ခေတ်ကို ပြောင်းလဲစေရန်

လောကစွန့် ဆက်ကပ်အပ်နှံ

ကိုယ်တော်ကြွလာခြင်းတွက် ကျွန်ုပ်ပေးအပ်။

Verse 4

ဒံယေလသည် ဘုရားနှုတ်တော်ကို စားသုံး

လောကမှ ခွဲခြားရပ်တည်

ဆုတောင်းဝိညာဉ်ဖြင့် ဘုရားနှင့်ပေါင်းစည်းကာ

ဘုရားလူမျိုးတော်အတွက်။

chorus

သက်ရှင်အောင်မြင်သူ ဖြစ်ရန်ကျွန်ုပ်ဆုံးဖြတ်ပြီ

ယေရှုကိုချစ်သောသူဖြစ်ရန် ရှက်ရွံ့ခြင်းမရှိဘဲ

အသက်ပင်ကို စားသုံးသူ

အသက်ရေကို သောက်သုံးမည်၊

သက်ရှင်အောင်မြင်သူဖြစ်ရန် ကျွန်ုပ်ပေးအပ်မည်

ကောင်းကင် ရူပါရုံမြင်ရန်

ကျွန်ုပ်ဝိညာဉ် သန်စွမ်းတောက်လောင်

ဤခေတ်ကို ပြောင်းလဲရန် ကျွန်ုပ်ပေးအပ်။

Audio