အောင်မြင်သောသူများကို ဘုရားလိုအပ်ခြင်း
Verse 1
ဗတ္တိဇံယောဟန်သည်
အိမ်နှင့် ခပ်သိမ်းကိုစွန့်ခဲ့
ဘာသာတရားကိုလည်း စွန့်ခဲ့၊
ဟောင်းနွမ်းခြင်းမှ လှည့်ပြန်
နှုတ်တော်ကို ရဲရင့်ဟောပြော
နောင်တရကာ လှည့်ပြန်ကြလော့။
chorus
အောင်မြင်သောသူများလိုအပ်
သခင်ယေရှုချစ်သူများ
ခေတ်ကို ပြောင်းလဲသူများ ဖြစ်စေပါ၊
အောင်မြင်သောသူများလိုအပ်
သခင်ယေရှုချစ်သူများ
ခေတ်ကို ပြောင်းလဲသူများ ဖြစ်စေပါ။
Verse 2
တာရှုမြို့သားရှောလု
ဘုရား၏ကြံစည်တော်တွက်
တမန်တော် ပေါလု ဖြစ်လာခဲ့၊
ကောင်းကင် ရူပါရုံမြင်ကာ
ကွဲပြားခြင်းများမရှိ
သခင်၏ခန္ဓာတစ်ကိုယ်တည်း။
chorus
အောင်မြင်သောသူများလိုအပ်
သခင်ယေရှုချစ်သူများ
ခေတ်ကို ပြောင်းလဲသူများ ဖြစ်စေပါ၊
အောင်မြင်သောသူများလိုအပ်
သခင်ယေရှုချစ်သူများ
ခေတ်ကို ပြောင်းလဲသူများ ဖြစ်စေပါ။
Verse 3
တိမောသေကို ယခုခေါ်
ပေါလုနှင့် တစ်စိတ်တည်းဖြစ်
နှုတ်တော်၌ ဆုတောင်းကာ နှစ်မြုပ်၊
ဝိညာဉ်သည် တောက်လောင် ရှင်သန်
ကျွန်ုပ်ဝိညာဉ်လည်း ရှင်စေ
ဘုရား၏အောင်မြင်သူဖြစ်စေ။
chorus
အောင်မြင်သောသူဖြစ်စေပါ
ကိုယ်တော်၏ သတို့သမီး
ခေတ်ကို ပြောင်းလဲသူများ ဖြစ်စေပါ။
Audio