သူမအတွက်
Verse 1
ဘုရားကို မသိသလော၊ စိတ်တော်ဝှက်ထား၊ သင့်အတွက်သာ
ထံတော်သို့လာ၊ တံခါးဖွင့်ရန်၊ ကိုယ်တော်တောင့်တ
အစိတ်ပိုင်းတိုင်း၌ဝင်စေပါ၊ စိတ်တော်ရှိရာ ဖွင့်ပြခွင့်ပေး
ကိုယ်တော်မည်မျှ ဝမ်းမြောက်ပေမည်။
chorus
အသင်းတော်သည် သတို့သမီး
သူမအတွက် ကိုယ်တော်သေခံပြီ
စိတ်တော်ဝမ်းမြောက်-သူမဖြစ်ရာ၊
လက်ရာတော်ဖြစ်၊ ကြင်ဖော်ကြင်ဖက်။
Verse 2
ကိုယ်တော်ရှင်သည် သင့်ကိုရွေးချယ်
ကြံစည်တော်၌ ပါဝင်စေပြီ
မည်မျှအံ့ဖွယ်၊ မည်မျှဝမ်းမြောက်
ကျေနပ်စေပြီ
ကိုယ်တော်ဖြစ်ခြင်း မျှဝေခံစား
စစ်၍မကုန် ကြွယ်ဝခြင်းများ
ပညာတော်သည် ကြီးမားထင်ရှားမူပြီ။
chorus
အသင်းတော်သည် သတို့သမီး
သူမအတွက် ကိုယ်တော်သေခံပြီ
စိတ်တော်ဝမ်းမြောက်-သူမဖြစ်ရာ၊
လက်ရာတော်ဖြစ်၊ ကြင်ဖော်ကြင်ဖက်။
Verse 3
ကိုယ်တော်ဖြစ်ခြင်း မွေ့လျှော်ဝမ်းမြောက်
ကိုယ်တော့်အထဲ ဝင်ရောက်သွားမှ
စိတ်တော်ခံစား ကျွန်ုပ်တို့တွက်
နားလည်လာရ
မည်သည့်မေတ္တာ လှုံ့ဆော်ပေးနည်း
ကြွဆင်းလာကာ၊ ပြစ်ဖြေရှင်းပေး
ရှိသမျှကို အဘယ့်ကြောင့်ရောင်းခဲ့နည်း။
chorus
အသင်းတော်သည် သတို့သမီး
သူမအတွက် ကိုယ်တော်သေခံပြီ
စိတ်တော်ဝမ်းမြောက်-သူမဖြစ်ရာ၊
လက်ရာတော်ဖြစ်၊ ကြင်ဖော်ကြင်ဖက်။
Audio