Back to YP Songs

YP121HYM708

နံနက်ခင်းနှင်းကဲ့သို့ လန်းဆန်း

21

Verse 1

နံနက်ခင်းနှင်းကဲ့သို့လန်းဆန်း၊ ချိုမြိန်နားခိုခြင်းဆောင်လာ

ခရစ်တော်ညင်သာဘိသိက်ပေး၊ နှစ်သိမ့်စကားတိုးညှင်းကြား

ရပ်တည် စစ်ဆေးခြင်းပြီးသည့်တိုင်၊ ရပ်တည် မုန်တိုင်းစဲသည့်တိုင်

ရပ်တည် ယေရှု၏ဘုန်းတော်တွက်၊ ရပ်တည် နိုင်ငံတော်တည်တိုင်။

chorus

မျှော်လင့်ခြင်း၏အရှင်၊ သံတော်ချိုမြိန်

ဝမ်းမြောက်စေစိတ်နှလုံး၊ မျက်မှောက်တော်ဝယ်။

Verse 2

ဒုက္ခခံခြင်းစစ်ဆေးခြင်း၌

ဝိညာဉ်၊ စိတ်နှလုံး အားနည်း

မျှော်လင့်ခြင်းအလင်းမှေးမှိန်သွား

လုံးစုံကွယ်ပျောက်သွားခဲ့ရာ

ကိုယ်တော့်ယုံကြည်ခြင်း၊ သက်တန်ခိုး

ပြည့်ဝလွှမ်းခြုံပေးမူပြီ

ကိုယ်တော်ကြွယ်ဝခြင်းဘုန်းတော်များ

မျှဝေခံစားထာဝရ။

chorus

မျှော်လင့်ခြင်း၏အရှင်၊ သံတော်ချိုမြိန်

ဝမ်းမြောက်စေစိတ်နှလုံး၊ မျက်မှောက်တော်ဝယ်။

Verse 3

နံနက်နေမင်းသခင်ပေါ်ထွန်း

မှောင်မိုက်များဖယ်ရှားအဝေး

ရောဂါငြိမ်းစေသောအတောင်တော်

ညမှနေ့သို့ ပြောင်းလဲပေး

ကြွပါ၊ နှစ်သိမ့်ပေးသောအရှင်

ကြွပါ၊ စိတ်နှလုံးပင်ပန်း

ကြွပါ၊ ဘုန်းမျှော်လင့်ခြင်းကောင်းချီး

ထွက်မသွားဘဲအမြဲတည်။

chorus

မျှော်လင့်ခြင်း၏အရှင်၊ သံတော်ချိုမြိန်

ဝမ်းမြောက်စေစိတ်နှလုံး၊ မျက်မှောက်တော်ဝယ်။

Audio