ငါ၌တည်လော့
chorus
ငါ၌တည်လော့၊ သင်၌ငါတည်၊ အကိုင်းခက်သည် မတည်လျှင်
မိမိတို့အားဖြင့် အသီးမသီးနိုင်ပေ၊ ထိုနည်းတူ သင်သည်
ငါ၌တည်အသီး သီးမည်။
Verse 1
ငါစပျစ်ပင်၊ သင်တို့အကိုင်းခက်
ငါ၌တည်သောသူ၌ ငါတည်နေမည်
များစွာသီးမည်၊ ငါနှင့်ကွာနေလျှင်
သင်သည် မတတ်နိုင်။
chorus
ငါ၌တည်လော့၊ သင်၌ငါတည်၊ အကိုင်းခက်သည် မတည်လျှင်
မိမိတို့အားဖြင့် အသီးမသီးနိုင်ပေ၊ ထိုနည်းတူ သင်သည်
ငါ၌တည်အသီး သီးမည်။
Verse 2
ငါ၌သင် တည်နေလျှင်၊ သင်၌ငါ့စကားတည်မည်
သင်တို့တောင်းသမျှကို၊ သင်တို့အမှန်ရကြမည်
သခင်၌ ကျွန်ုပ်တို့တည်၊ ကျွန်ုပ်တို့၌စကားတော်တည်
တစ်လုံးတစ်ဝ အမှန်ဖြစ်၊ ကိုယ်တော်လုပ်ဆောင်လျက်နေ
တောင်းလိုသမျှ၊ ကျွန်ုပ်တို့တောင်းလျှောက်သောအခါ
ကျွန်ုပ်တို့သာ ဆုတောင်းနေခြင်းမဟုတ်
ကျွန်ုပ်၌ ကိုယ်တော် ဆုတောင်းနေ
အသီးသီးရန် ဤသို့ဆုတောင်းလျှင် ဆုတောင်းခြင်း
အမှန်ပင် အဖြေရမည်။
chorus
ငါ၌တည်လော့၊ သင်၌ငါတည်၊ အကိုင်းခက်သည် မတည်လျှင်
မိမိတို့အားဖြင့် အသီးမသီးနိုင်ပေ၊ ထိုနည်းတူ သင်သည်
ငါ၌တည်အသီး သီးမည်။
Verse 3
ငါ့ကိုသင် မရွေး၊
ငါရွေးချယ်ကာ၊ နေရာချထား
သင်တို့သွား၍၊ အသီးကိုသီးကြ
သင်တို့အသီးတည်ကြည်မည်
ငါ့အဖနာမ၌ သင်တို့တောင်းသမျှကို
ကိုယ်တော်ပေးမည်။
chorus
ငါ၌တည်လော့၊ သင်၌ငါတည်၊ အကိုင်းခက်သည် မတည်လျှင်
မိမိတို့အားဖြင့် အသီးမသီးနိုင်ပေ၊ ထိုနည်းတူ သင်သည်
ငါ၌တည်အသီး သီးမည်။
Audio