နေ့ချိန်၌နေ ညချိန်၌လ
Verse 1
နေ့ချိန်၌နေ ညချိန်၌လ၊ ကြွေးကြော်နေကြီးမြတ်လှ
ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်
ဇီဝအသက် သက်ရှုခွင့်ပေး
မျက်နှာတော်ကို ရှာဖွေစေသည်။
ရှက်ခြင်းကင်း၍ချစ်ပြီး(နာမတော်ခေါ်ဆောင်ကာ)
အားနည်းခြင်းကင်းပျောက်စေ(လက်တော်ဖြင့် ချီဆောင်၍)
သစ္စာတော်နှင့် ချစ်ခြင်းမေတ္တာ
နောက်ဆုံးတွင်ကျွန်ုပ်အားချိုးဖဲ့။
chorus
အသစ်တစ်ဖန်ဆက်ကပ်၊ ကိုယ်တော်နှင့် သဏ္ဌာန်တူစေ
နံနက်ခင်းနှင်းကဲ့သို့ဖြစ်စေ (လူငယ်များသည်)
စိတ်နှလုံးတော်ကျေနပ်စေမည်။
Verse 2
ကိုယ်တော်ကိုယ်တိုင် မေတ္တာဖြင့် ဆွဲဆောင်၊ နောက်တော်သို့လိုက်ရန်
လုံးလုံးဖြစ်နိုင်မည်စိတ်ထင်မိ
သို့သော်ကျဆင်း မည်မျှခြေချော်
ဘုရားဆိုင်ရာဤလမ်းစဉ်တွင်
မိမိကိုယ်ကိုရွံရှာ (ငါ့ ထံတော်သို့ကြည့်ရှု)
ကျွန်ုပ်မတတ်စွမ်းနိုင် (ဝိညာဉ်တော်အားဖြင့်သာ)
သစ္စာတော်ရှိမြဲကျွန်ုပ်ထက်
မေတ္တာတော်သည် ပိုမိုသန်စွမ်း။
chorus
အသစ်တစ်ဖန်ဆက်ကပ်၊ ကိုယ်တော်နှင့် သဏ္ဌာန်တူစေ
နံနက်ခင်းနှင်းကဲ့သို့ဖြစ်စေ (လူငယ်များသည်)
စိတ်နှလုံးတော်ကျေနပ်စေမည်။
Verse 3
ဆုကျေးဇူးများ၊ ကိုယ်တော်၏သန့်ရှင်းသောခေါ်ဆောင်ခြင်းများ
မပြောင်းမလဲတတ်စွမ်းနိုင်သည်။
ခွန်အားပြည့်ဖြင့် ကျေးဇူးတော်နှင့်
ကျွန်ုပ်ကို ဆွဲဆောင်ထားနိုင်သည်။
သက်တာကိုယ်တော်ထံပေးအပ် (ဘယ်ခါမျှ ထွက်မသွားပါ)
အနာဂတ်နှင့် အိမ်မက်များရှိလည်း ( ကိုယ်တော်ကို မစွန့်ပါ)
အိုသခင်၊ ကျွန်ုပ်ပေးအပ်မည်။
ချစ်သောသခင်ထံပေးပါပြီ။
chorus
အသစ်တစ်ဖန်ဆက်ကပ်၊ ကိုယ်တော်နှင့် သဏ္ဌာန်တူစေ
နံနက်ခင်းနှင်းကဲ့သို့ဖြစ်စေ (လူငယ်များသည်)
စိတ်နှလုံးတော်ကျေနပ်စေမည်။
Audio