ကောင်းကင်ဆိုင်ရာရူပါရုံ
Verse 1
ဘုရားမဲ့ ခေတ်၌ ရှမွေလများ လိုအပ်နေ
စီမံကိန်း၏ ရှင်းလင်း ရူပါရုံ ဝန်ကိုထမ်းဆောင်
သတ္တာတော် ဘယ်မှာနည်း ကိုယ်တော်တွက် ဂရုစိုက်သူ
စိတ်နှလုံးအလိုတော်တွက် သက်ရှင်သူ ဘယ်မှာနည်း။
chorus
လိုအပ်ချက်ကို ဖြည့်ဆည်းသူ နာဇရိများ
ပရောဖက်၊ ပရောဟိတ်၊ သူကြီးနှင့် ဆုတောင်းသူများ
စကားတော် ပြောဆို၊ အခွင့်အာဏာတော်ဖြင့်
စိတ်နှလုံးတော်၏ ပုံတူဖြစ်လေ။
Verse 2
ယနေ့ လေ့ကျင့်ပေး၊ ပြည့်ဝ ရူပါရုံဖြင့်ရှာ
အလိုတော်ကို လုံးလုံး နာခံရန် ကျွန်ုပ်စောင့်မျှော်
မျက်မှောက်တော်ဖိုးထိုက်၊ ရှေ့တော်၌ အစဉ်သက်ရှင်
မျက်စိတော်၏ ညွှန်းရာကို ကျွန်ုပ်တို့ ဝန်ခံမည်။
chorus
လိုအပ်ချက်ကို ဖြည့်ဆည်းသူ နာဇရိများ
ယနေ့ မြေကြီးပေါ် နိုင်ငံတော် ဆောင်လာ
ကြွလာခြင်းတွက် ဘုရင်ကို ယူဆောင်လာ
ခေတ်ကာလအဆုံးကို ယူဆောင်စေ။
Verse 3
ဘုရားလှုပ်ရှားရန် တန်ဆာပလာ ရရှိလို
မျက်မှောက်ခေတ်မှ ခွဲခြားခံရသော အောင်မြင်သူများ
မိမိကိုယ်ပေးအပ်၊ နှုတ်တော်မှ အလိုတော်တွက်
သန့်ရှင်းနှုတ်တော်ဖြင့် စေ့စပ်ထုံးဖွဲ့ အောင်မြင်သူများ။
chorus
လိုအပ်ချက်ကို ဖြည့်ဆည်းသူ နာဇရိများ
မိမိဆန္ဒအလျောက် ဆက်ကပ်သူများ
နှုတ်တော်ဖြင့် အလိုတော်သို့ ပေါင်းစည်းသူ
မြေကြီးပေါ် သက်ရှင် သက်သေခံချက်။
Verse 4
ဆုတောင်းသူ လိုအပ်၊ ကိုယ်တော့်လမ်းကို ပြင်ဆင်သူ
ဆုတောင်းသူအားဖြင့် ဘုရားစီမံကိန်း သယ်ဆောင်။
မိမိကိုယ် မချစ်၊ လုံးလုံး ကိုယ်တော်တွက် ပူဇော်
ဘုရားမျက်မှောက်တော် ဆုံးရှုံးမည်ကို သူတို့စိုးရိမ်။
chorus
ကျွန်ုပ်တို့ကို နာဇရိများဖြစ်စေပါ
ဤခေတ်ကို ဆုံးသတ်သူများ ဖြစ်စေပါ
နိုင်ငံတော် ယူဆောင်ရန် ကိုယ်တော်နှင့် ပေါင်းစည်းသူ
လူငယ်များ ကိုယ်တော်တွက် လုံးလုံးဖြစ်လေ။
Audio