ဆက်ကပ်အပ်နှံသူ
21
Verse 1
နာဇရိများလိုအပ် ခေတ်ပြောင်းလဲရန်
စိတ်နှလုံး၌ လှုပ်ရှားကာ၊ ဆက်ကပ်စေပါ
အတ္တရှာဖွေခြင်းအားလုံးမှ ကယ်တင်ပါ
ချည်နှောင်ခြင်းအလုံးစုံထဲမှ လွတ်စေပါ။
chorus
ကိုယ်တော်ကို ကျွန်ုပ်လိုအပ်သည်
ကိုယ်တော့်အလို လုပ်ဆောင်ရန်
ကိုယ်တော်တွက် မေတ္တာကို တောက်လောင်စေ
အလိုလိုဆက်ကပ်အပ်နှံသူ ဖြစ်စေတော်မူပါ။
Verse 2
နာဇရိများလိုအပ် ခေတ်ပြောင်းစေရန်
နောက်ဆုံးကာလ၌ အောင်မြင်ရန် ခွန်အားပေး
ပုန်ကန်ခြင်းများ၊ ဇာတိချစ်ခြင်းနှင့် သေခြင်းကို
လောကပျော်ရာ၊ သွေးသား မွေ့လျော်ရာ အောင်မြင်စေ။
chorus
ကျွန်ုပ်ကို ကိုယ်တော်လိုအပ်သည်
ကိုယ်တော့်အလို လုပ်ဆောင်ရန်
ကိုယ်တော်တွက် မေတ္တာကို တောက်လောင်စေ
အလိုလိုဆက်ကပ်အပ်နှံသူ ဖြစ်စေတော်မူပါ။
Verse 3
ပြည့်ဝစွာ သန့်ရှင်းစင်ကြယ်စေ
ကျွန်ုပ်သက် ကိုယ်တော်ရယူ
ကျွန်ုပ်၌ အောင်မြင်၊ အသက်တော်အားဖြင့်
အောင်မြင်၍ ဤခေတ်ဆုံးသတ်။
Audio