M88E142KC88MT88

ပလ္လင်ပေါ် သိုးငယ်အား

သခင်ဘုရားကို ချီးမွမ်းခြင်း - ဘုန်းတော်

21

Verse 1

ပလ္လင်ပေါ် သိုးငယ်အား

သရဖူများတင်ကြ

ကောင်းကင် သီကျူးသံညံ

ကျေးဇူးဂုဏ်တော်ချီးမွမ်း

နိုးလော့၊ အို ငါ့ဝိညာဉ်

သင့်တွက် သေခံရှင်အား

တုနှိုင်းမဲ့သော ရှင်ဘုရင်အား

ထာဝရချီးမွမ်းဆို။

Verse 2

ပျိုကညာမွေးသောသား

လူ့ဇာတိခံ ဘုရား

အောင်မြင်မှု သရဖူရယူ

နဖူးပေါ် တင့်တယ်နေ

လျှို့ဝှက်ပင်မှ အသီး

ထိုအပင်၏ ပင်စည်

အမြစ်မှ ကရုဏာတော်စီး

ဗက်လင်မြို့မှ သူငယ်။

Verse 3

မေတ္တာတော် သခင်ရှင်

နံဘေး၊ လက်တော် ဒဏ်ရာ

နာကျင်မှုများစွာ မြင်ရလည်း

လှပခြင်း ဘုန်းထင်ရှား

ကြောက်မက်ဖွယ် ဝေဒနာ

ကောင်းကင်သား ထိတ်လန့်ကြ

နှိမ့်ချစိတ်နှင့် သည်းခံခြင်းများ

နက်နဲလှမေတ္တာပေ။

Verse 4

ငြိမ်သက်ခြင်း သခင်ရှင်

တန်ခိုးတော် လှံတံဖြင့်

မြေပြင်လုံး စစ်ပွဲငြိမ်းစေရာ

ဆုတောင်း ချီးမွမ်းထိုက်ရှင်

စိုးစံခြင်း အဆုံးမဲ့

ထိုးဖောက်ခံ ခြေတော်ရာ

ဘုန်းတော်၏ ပန်းများပွင့်လန်းရာ

နံ့သာမွှေး ချိုမြိန်လှ။

Verse 5

ထာဝရဘုရင်အား

သရဖူများတင်ကြ

ဖန်ဆင်းပြုပြင်တော်မူရှင်အား

မြင့်မြတ်ဂုဏ်တော်ချီးမြှင့်

တန်ခိုးဘုန်းအာနုဘော်

နှုတ်မြွက်မမှီနိုင်လေ

မေတ္တာ၊ ကယ်တင်၊ သက်ရှင်ဘုရား

ပြောင်းလဲခြင်းနှင့် ကင်းလေ။

Hymn details

စာသား: Matthew Bridges

သံစဉ်: George Job Elvey

Meter: 6.6.8.6.D.

Key: Eb Major

Time: 4/4

Audio