M87E140KC87MT87

ကြည့်၊ သန့်ရှင်းသူ၊ ကြည့်ဖွယ်ကောင်း၏

သခင်ဘုရားကို ချီးမွမ်းခြင်း - ဘုန်းတော်

21

Verse 1

ကြည့်၊ သန့်ရှင်းသူ၊ ကြည့်ဖွယ်ကောင်း၏

ငြိုငြင်သူ ယခုကြည့်ကြ

စစ်မှုငြိမ်း၍ အောင်လျက်ပြန်ပြီ

ရန်သူတိုင်း ဒူးထောက်ဝန်ချ

သရဖူတင်၊ သရဖူတင်

အောင်သူသရဖူခံရ။

Verse 2

လက်ရသိမ်းသော ယေရှုရှင်အား

ကောင်းကင်သားတို့ ချီးမြှောက်ချေ

ဘုန်းတန်ခိုး ပလ္လင်တော်တင်ရာ

ကောင်းကင်ဘုံ၌ ကြွေးကြော်လေ

သရဖူတင်၊ သရဖူတင်

မင်းတကာဘုရင်မင်းပေ။

Verse 3

ဆိုးသူဆောင်းသော တင်သရဖူ

မေရှိဆိုင်ရာ ကဲ့ရဲ့ချေ

ကောင်းမြတ်သူအမျိုးမျိုးတို့မူ

ဝန်းရံလျက် ချီးမြှောက်လိုပေ

သရဖူတင်၊ သရဖူတင်

အောင်သူနာမကြွေးကြော်လေ။

Verse 4

နားထောင်၊ ချီးမွမ်းကြွေးကြော်ကုန်ကြ

နားထောင် အောင်မြင်ပွဲအသံ

ယေရှုရှင်အထက်သို့ တက်ကြွ

ကြည့်ဖွယ် ဝမ်းသာရွှင်မြူးရန်

သရဖူတင်၊ သရဖူတင်

မင်းတကာဘုရင်မင်းမှန်။

Hymn details

စာသား: Thomas Kelly

သံစဉ်: Joachim Neander

Meter: 8.7.8.7.8.7.

Key: B Major

Time: 4/4

Audio