M695E1314KC695MT695

မကြာမီ ပေါ်ထွန်းမည်

ဘုန်းမျှော်လင့်ခြင်း-ထိမ်းမြားလက်ထပ်ရာနေ့

21

Verse 1

မကြာမီ ပေါ်ထွန်းမည်

နေ့ရက်သည် ရောက်လုနီး

ကြွလာခြင်းကို ချစ်နှစ်သက်လှ

အခြားမရှိပါ

သခင်၊ အသက်၊ မေတ္တာ

သတို့သား သခင်ယေရှုသာ။

Verse 2

အချိန်နာရီ နီးလာ

ခေါ်သံ မကြာမီ ကြား

မိုးတိမ်ပေါ် ကိုယ်တော်နှင့်အတူ

ချိုမြိန်လှ အချိန်

ထူးကဲလှ မေတ္တာဖြင့်

သတို့သားနှင့် သတို့သမီး။

Verse 3

အချိန်သည် လွင့်ပြန်လေ

မျက်နှာတော် ဖူးမြင်မည်

အာမင်၊ သခင်ယေရှု ကြွလာ

ကိုယ်တော်ကို မြင်လိုလှ

ကိုယ်တော်နှင့် ထာဝရ

အတွင်းစိတ်နှလုံး ကိုယ်တော်ပိုင်။

Verse 4

ယခုအချိန်ပင်လျှင်

ချစ်သခင် သတို့သား

သတို့သမီးတွက် ကြွလာမည်

အို ဟာလေလုယာ

ကျွနု်ပ်တို့ စောင့်မျှော်

ကိုယ်တော်သည် ကျေနပ်နှစ်သိမ့်မည်။

Hymn details

Key: D Major

Audio