M694E1305KC694MT694

ဤနေ့များ၌ ဘုရားထံ ယုံကြည်ခြင်း တိုးစေ

ဘုန်းမျှော်လင့်ခြင်း-ခရစ်တော်ပြန်ကြွလာခြင်းအတွက် ပြင်ဆင်ခြင်း

21

Verse 1

ဤနေ့များ၌ ဘုရားထံ ယုံကြည်ခြင်း တိုးစေ

ရုပ်တုများမှ သက်ရှင်ဘုရားထံ လှည့်ပြန်ကြ

နှုတ်တော်ကို ယုံကြည်ခြင်းဖြင့် အာမင်ထူးကြမည်

နှုတ်တော်၌ ခရစ်တော်ထံ အကြိမ်ကြိမ် လှည့်ပြန်။

chorus

ယုံကြည်ခြင်းအလုပ် လွန်စွာ ကြီးထွားစေ

ချစ်ခြင်းအားထုတ်မှု ပေါများကြွယ်ဝ တိုးပွားလေ

သန့်ရှင်းစေခြင်းအလုပ် ကျွန်ုပ်တို့၌ တိုးတက်

မျှော်လင့်သည်းခံခြင်း၌ ကြွတော်မူတိုင် စောင့်ကြည့်။

Verse 2

ညီကိုများအားလုံးချစ်ခြင်း ကျွန်ုပ်တို့မြင်ရ

ဤရက်များ၌ ကျွန်ုပ်တို့ချစ်ခြင်း တိုးပွားစေ

သခင်သည် ဘုရားမေတ္တာသို့ လမ်းညွှန်ဦးဆောင်

သခင်ဘုရား၏နေ့အဖို့ ပြည့်ဝပြင်ဆင်။

chorus

ယုံကြည်ခြင်းအလုပ် လွန်စွာ ကြီးထွားစေ

ချစ်ခြင်းအားထုတ်မှု ပေါများကြွယ်ဝ တိုးပွားလေ

သန့်ရှင်းစေခြင်းအလုပ် ကျွန်ုပ်တို့၌ တိုးတက်

မျှော်လင့်သည်းခံခြင်း၌ ကြွတော်မူတိုင် စောင့်ကြည့်။

Verse 3

ဝိညာဉ်၊ စိတ်နှင့် ခန္ဓာအားလုံး သန့်ရှင်းစင်ကြယ်

သစ္စာရှိသခင်သည် သတို့သမီး ပြင်ဆင်

ကိစ္စကြီးငယ်၌ အသံတော်ကို အာမင်ထူး

ယေရှု၏ ခေါ်သံကြားရန် အဆင်သင့်ဖြစ်ကြ။

chorus

ယုံကြည်ခြင်းအလုပ် လွန်စွာ ကြီးထွားစေ

ချစ်ခြင်းအားထုတ်မှု ပေါများကြွယ်ဝ တိုးပွားလေ

သန့်ရှင်းစေခြင်းအလုပ် ကျွန်ုပ်တို့၌ တိုးတက်

မျှော်လင့်သည်းခံခြင်း၌ ကြွတော်မူတိုင် စောင့်ကြည့်။

Verse 4

သခင်ကိုယ်တိုင်ကြွလာ၊ ကျွန်ုပ်တို့ ကိုယ်တော်နှင့်

ဘုန်းထင်ရှားမျှော်လင့်ခြင်း၊ ကြွပါ သခင်၊ အာမင်၊

လေထဲ၌ ကိုယ်တော်ကို မြင်ရန် စောင့်ကြည့်နေကြ

နေ့၏သားများအဖြစ် စည်းဝေးခြင်းတွက် ပြင်ဆင်။

chorus

ယုံကြည်ခြင်းအလုပ် လွန်စွာ ကြီးထွားစေ

ချစ်ခြင်းအားထုတ်မှု ပေါများကြွယ်ဝ တိုးပွားလေ

သန့်ရှင်းစေခြင်းအလုပ် ကျွန်ုပ်တို့၌ တိုးတက်

မျှော်လင့်သည်းခံခြင်း၌ ကြွတော်မူတိုင် စောင့်ကြည့်။

Hymn details

Key: D Major

Audio