M685E1269KC685MT685

လူကျဆင်းခြင်း ထုတ်ကုန်၊ ခါလဒဲပြည်မှ

အသင်းတော်-ခေါ်ခြင်းခံရသောမျိုးဆက်အဖြစ်

21

Verse 1

လူကျဆင်းခြင်း ထုတ်ကုန်၊ ခါလဒဲပြည်မှ

အာဗြံထံ ဘုရား ပေါ်ထွန်း - သူ့ကို ခေါ်

''သင်၏တိုင်းပြည်၊ သင်၏ အဖအိမ်မှထွက်

သင့်နေရာပြည်မှထွက်ကာ အခြားမြေသို့''။

chorus

ယေဟောဝါဘုရားသည် စုပေါင်းလူကို ခေါ်

ကိုယ်တော်ကို ထင်ရှားကာ၊ ကြံစည်တော် ပြည့်စေ။

Verse 2

သခင်၏ဖြည့်ပေးခြင်းဖြင့် အာဗြဟံသည်

သစ္စာရှိအဖဖြစ် - သက်တာ အမည်ပြောင်း

သခင့်ပေါ်ထွန်းခြင်းဖြင့် မြေသို့ခေါ်ဆောင်လာ

ဘုရားကြံစည်ပြည့်ရန် ဣဇက်ကို လိုအပ်။

Verse 3

ဣဇက်သည် အဖထံမှ အမွေခံရ

သားဖြစ်ခြင်း၊ ဘုရားခေါ်ခြင်း ကောင်းချီးမွေ့လျော်

ခပ်သိမ်းလက်ခံရယူ၊ လိုအပ်ချက်မရှိ

သဏ္ဌာန်ပြောင်းလဲခြင်း၊ ရင့်ကျက်ခြင်း လျော့နည်းနေ။

Verse 4

သူ့အဖ၏ခြေရာ၌ ယာကုပ်သည်လည်း

ဘုရား၏မင်းသား၊ သူ့အမည် အစ္စရေး

ဝိညာဉ်တော် အားဖြင့် ပြည့်ဝကြီးရင့်၊ စိုးစံ

ယောသပ်ဖြင့် မြေကြီးပေါ် အုပ်စိုး တန်ခိုးရ။

Verse 5

ယာကုပ်၊ ဣဇက်၊ အာဗြဟံတို့သည် ပုံဆောင်

ဘုရားခေါ်ခြင်းခံသူ လျှောက်လှမ်းရမည့်လမ်း

ခန္ဓာတော်အင်္ဂါဝင် စုပေါင်းထားသောလူ

ကိုယ်တော့်ခေါ်ခြင်းနှင့် ကြံစည်တော် ပြည့်စုံစေ။

Hymn details

သံစဉ်: Arthur Seymour Sullivan (1842-1900)

Meter: 6.5.6.5.D. with chorus.

Key: Eb Major

Time: 4/4