ဘုရားမိန့်မှာ သင်္ဘောကို နောဧ တည်ဆောက်သောအခါ
အသင်းတော်-နောဧ၏သင်္ဘောအဖြစ်
Verse 1
ဘုရားမိန့်မှာ သင်္ဘောကို နောဧ တည်ဆောက်သောအခါ
အခြားသူများ စောင့်ကြည့်နေ၊ သူ၏စကား နားမထောင်
ဘုရားအသံတော် နောဧနားထောင်ကာ၊ စကား နာခံ
သူ၏အလုပ်မှာ သင်္ဘောတည်ဆောက်ကာ၊ အချိန်မဖြုန်း။
chorus
ယေရှု၏ သက်သေခံချက်၊ အသင်းတော်များ၌ မြင်
သက်သေခံချက်သေတ္တာတော် ဒေသတိုင်း၌ တည်ဆောက်ကြ။
Verse 2
ထိုခေတ်က မျိုးဆက်သည် ဆိုးညစ်ကာ ကောက်လိမ်သွေဖည်နေ
မြေကြီးပေါ် ဆိုးညစ်မှုမှာ ဆိုးရွားသည်ထက် ဆိုးရွားလာ
နောဧသည် ခေတ်ကို ဆန့်ကျင်၊ ရူပါရုံ ဆုံးရှုံးမခံ
သက်သေခံချက်သေတ္တာတော်ကို ဖိုးခပေးကာ တည်ဆောက်။
Verse 3
ထိုခေတ်က ဘုရားကို ကိုးကွယ်သူ များစွာ ရှိခဲ့ရာ
ကိုယ်တော်ကို အစေခံကာ ယဇ်ပူဇော်ခြင်း ရှိကြလည်း
ဘုရားအလိုရှိရာကို လှောင်ပြောင်လျက် ရယ်မောကြကာ
စိတ်နှလုံးကို ဤခေတ်ပေါ် ထားရှိ၊ နတ်ဆိုးအုပ်စိုးခံ။
Verse 4
တစ်နေ့တွင် သဘေင်ာ္ပြီးစီး၊ စိတ်ရှစ်ဦးကို ဝင်ရောက်စေ
ဘုရားသည် တံခါးပိတ်ကာ၊ ကောင်းကင်ဖွင့်လျက် သွန်းလောင်းပြီ
မိုးရွာသော်လည်း၊ နောဧသည် အတွင်း၌ စိတ်ချလုံခြုံ
မြေကြီးတစ်ပြင် ရေလွှမ်းမိုး၊ သူသည် အပေါ်မှာ စီးနင်း။
Verse 5
သင်္ဘောသည် ထိုချိန် မြေကြီးပေါ် ဘုရားသက်သေခံချက်
အလင်းတော် ထွန်းလင်းမည့် စုပေါင်းလူကို ဘုရားတွေ့ရှိ
ကိုယ်တော်ပြည့်ဝထင်ရှားမည့်အရာ တည်ဆောက်ရန် လိုအပ် ဒေသန္တရသင်းတော်၌ ဘုရားသည် ယခု ထင်ရှား။
Verse 6
ဤခေတ်က သင့်ကို ဘုရားအလိုမှ မလွဲစေနှင့်
ယေရှု၏သက်သေခံချက်သို့ စိတ်နှလုံးကို ချမှတ်
ဒေသန္တရသင်းတော်များသည် ဘုရားသက်သေခံချက်
ဤတွက် ခေတ်ကို စွန့်ကာ၊ စိတ်နှလုံးများ အသစ်ဆက်ကပ်။
Hymn details
သံစဉ်: Charles Austin Miles (1868-1946)
Bible: ကမ္ဘာဦးကျမ်း ၆-၈
Meter: 14.14.14.14. with chorus.
Key: Bb Major
Time: 4/4