M665E1182KC665MT665

ဝိညာဉ်နှင့် စစ်မှန်ခြင်း၌သာ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း-ကျွန်ုပ်တို့၏ပုဂ္ဂိုလ်အဖြစ်

21

Verse 1

ဝိညာဉ်နှင့် စစ်မှန်ခြင်း၌သာ

ကိုယ်တော့်ကို ကိုးကွယ်ကြ

အာဏာစက်များ ရှိရှိသမျှ

ကျဆင်းကာ ထွက်ပြေးကြ။

chorus

စစ်မှန်ခြင်းကို၊ စစ်မှန်ခြင်းကို

မြင်ရန် အို ဝမ်းမြောက်လှ

ခရစ်တော်ကို မွေ့လျော်ခြင်းမှာ

ကျွန်ုပ်တို့ စစ်မှန်ခြင်း။

Verse 2

ပုဂ္ဂိုလ်အဖြစ် ကိုယ်တော်ရောက်လာ

ယခု ဝိညာဉ်ထဲ၌

ကျွနု်ပ်တို့ကို လှုပ်နိုး သိစေ

အတွင်းလူ ကိုယ်တော်အား။

chorus

ချီးမွမ်းပါသည်၊ သခင်ရှင်အား

အတွင်း၌ ခံစားရ

ပုဂ္ဂိုလ်တော်ဖြစ် ကျွန်ုပ်တို့၌

စစ်မှန်ခြင်း ဖြစ်လာပြီ။

Verse 3

စုပေါင်းသက်တာ ကျွန်ုပ်တို့ရှင်

ခရစ်တော် ကိုယ်ခန္ဓာ

ခရစ်တော် ဝေစု ပိုထည့်ပေး

ပြည့်ဝလာသည့်တိုင်အောင်။

chorus

ဟာလေလုယာ၊ လူသစ်တစ်ဦး

ကျွန်ုပ်တို့ ပေါင်းစည်းပြီ

တစ်စုတည်း သခင် ထင်ရှားစေ

ကိုယ်တော် လျှင်မြန် ကြွလာ။

Hymn details

Key: G Major

Audio