M664E1177KC664MT664

အို ခရစ်တော် ဘုန်းတော်၌ လူသားဇာတိဝတ်ဆင်

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း-ကျွန်ုပ်တို့၏ပုဂ္ဂိုလ်အဖြစ်

21

Verse 1

အို ခရစ်တော် ဘုန်းတော်၌ လူသားဇာတိဝတ်ဆင်

ကိုယ်တော် ကျွန်ုပ်ပုဂ္ဂိုလ်ဖြစ်၊ ကျွန်ုပ်ကိုယ်စား သက်ရှင်

သက်တာနှင့်ဖြစ်ခြင်း၌ ကျွန်ုပ်နှင့် ကိုယ်တော် တူညီ

ဘုန်းကြီးသောပုဂ္ဂိုလ်တော်ဖြင့် အစားထိုးပေး။

chorus

သခင်၊ သခင်၊ ကျွန်ုပ်တွက် လူဖြစ်ခဲ့

ကျွန်ုပ်ပုဂ္ဂိုလ်ဖြစ်ယူဆောင်ကာ၊ ကျွန်ုပ်နှင့် ထပ်တူညီ

သခင်၊ သခင်၊ ဖြစ်ခြင်းတိုင်း သိမ်းပိုက်ပါ

အချိန်တိုင်းနှင့် နေရာတိုင်းမှာ စိတ်နှလုံး၌ အိမ်ဆောက်။

Verse 2

အို ခရစ်တော် ဝိညာဉ်တော် ကျွန်ုပ်တွင်း စကားပြော

စကားပြောဝိညာဉ်တော်ဖြစ် အစဉ်စကားပြောနေ

ကိုယ်တော်စကားသည် အတွင်း၌ ဆေးကြောပေးသောရေ

ဟောင်းနွမ်းခြင်းအားလုံး ဖယ်ရှား၊ ကိုယ်တော်ဖြည့်သွင်း။

chorus

သခင်၊ သခင်၊ ကိုယ်တော်စကားပြောပါ

စကားတော်သည် မျက်မှောက်တော်ဖြစ် အစဉ် ကျွန်ုပ်လိုအပ်

သခင်၊ သခင်၊ အပိုင်းတိုင်း ဆေးကြောပါ

ဇီဝတွင်း ပြောင်းလဲခြင်းအားဖြင့် စိတ်နှလုံး၌ အိမ်ဆောက်။

Verse 3

အို ခရစ်တော် သတို့သား၊ သတို့သမီးတွက်ကြွ

အတွင်းမှ ကြွလာခြင်းဖြင့် အသင်းတော်ဘုန်းထင်ရှား

ပုဂ္ဂိုလ်တော် ယခု ကျွန်ုပ်တို့၌ ဘုန်းတော် ကျယ်ပြန့်

ဤဘုန်းတော်သည် ပုဂ္ဂိုလ်ဖြစ်၊ အို ဘုန်းကြီးလှ။

chorus

သခင်၊ သခင်၊ ကိုယ်တော်စီမံကိန်းဖြင့်

ဘုန်းတော်ဖြင့် လွှမ်းမိုးမူပါ၊ လုံးလုံးစိမ့်ဝင်ပျံ့နှံ့ပါ

သခင်၊ သခင်၊ ဘုန်းတော်ဖြင့် ထိုးဖောက်ပါ

ဘုန်းကြီးအရှင် အသင်းတော်မှ ဘုန်းတော်၌ ပေါ်ထွန်းလာ။

Hymn details

Key: G Major

Audio