M652E1132KC652MT652

ဆုတောင်းရန် သွန်သင်ပါ

တောင့်တခြင်းများ-အသက်၌ကြီးထွားရန်

21

Verse 1

ဆုတောင်းရန် သွန်သင်ပါ

ခြားသူကဲ့သို့ ချည်းနှီးမပြု

မိမိနည်းမှ လှည့်ပြန်

နေ့တိုင်း သခင်ကို ခေါ်စေတော်မူပါ

သခင်ယေရှုကြီးထွား။

Verse 2

သခင်၊ အသက်မျိုးစေ့

စိတ်နှလုံးထဲ မျိုးကြဲပေးပြီ

ယခုကိုယ်တော်စတင်

နေ့စဉ်အသက် သာ၍ထည့်သွင်းပေးနေ

သခင်ယေရှုကြီးထွား။

Verse 3

သခင်၊ ပျော့ပြောင်းစေပါ

ကျွန်ုပ်တို့ရင်းမြစ်ကိုယ်တော်သိ

နာမတော်ခေါ်ခြင်းဖြင့်

သခင်၊ မြေမာနှင့် ကျောက်များဖယ်ရှားပါ

သခင်ယေရှုကြီးထွား။

Verse 4

သခင်၊ အလင်းထွန်းလင်း

မတတ်နိုင်၊ ရှုုံးနိမ့်ကြောင်းသိစေ

ဟုတ်မှန်သတင်းရောက်လာ

ကျွန်ုပ်တို့ထဲရှိ သက်မျိုးစေ့ထိုးဖောက်

သခင်ယေရှုကြီးထွား။

Verse 5

ဝိညာဉ်ဆင်းရဲစေပါ

စဉ်းစားခြင်း၊ သိခြင်း ဖယ်ရှားပါ

သက်တော်စီးရန် ဖွင့်ပေး

အသက်ကို ယူဆောင် ကျွန်ုပ်တို့ကြီးထွား

သခင်ယေရှုကြီးထွား။

Verse 6

စိတ်နှလုံးဖြူစင်စေ

ဖြစ်ခြင်း၌ ကိုယ်တော်ပြည့်ဝမှ

ကျွန်ုပ်တို့ရောင့်ရဲနိုင်

အသိဥာဏ်၊ ခံစား၊ ဆန္ဒ သစ်ပြုပြင်

သခင်ယေရှုကြီးထွား။

Verse 7

စိတ်နှလုံးစွဲမှတ်စေ

နေ့တိုင်းကိုယ်တော်ကို ယူဆောင်လာ

မျိုးစေ့တွက် လမ်းရှိလာ

ကြီးထွားခြင်းသည် နိုင်ငံတော်ကိုဆောင်လာ

သခင်ယေရှုကြီးထွား။

Verse 8

အာမင်၊ အသက်ကြီးထွား

သက်တော်မတတ်နိုင်ရာမရှိ

အပိုင်းတိုင်း သစ်ပြုပြင်

ကိုယ်တော့်အားဖြင့် လုပ်ဆောင်မည်၊ လုပ်ဆောင်မည်

သခင်ယေရှုကြီးထွား

သခင်ယေရှုကြီးထွား။

Hymn details

Key: D Major

Audio