M651E1130KC651MT651

ခရစ်တော်ကို ချီးမွမ်းကျူးဧ

ကယ်တင်ခြင်းစိတ်ချမှုနှင့် ဝမ်းမြောက်ခြင်း-ကြီးမြတ်လှကယ်တင်ခြင်း

21

Verse 1

ခရစ်တော်ကို ချီးမွမ်းကျူးဧ

ကယ်တင်ခြင်း ဘုရားသခင်

အသက်တော်ဖြင့် ကယ်တင်ပေးပြီ

စည်းမျဉ်းစည်းကမ်းဖြင့် မဟုတ်

ကျွနု်ပ်တို့သည် ကြိုးစားရုန်းကန်

အသက်တန်ခိုး လူကို ပြောင်းလဲ

ဘုရားအသက် ပြောင်းလဲပေး။

Verse 2

အဆုံးစွန်ကယ်တင်ပေးမူပြီ

အသက်ပေး တန်ခိုးဖြင့်လေ

ကျွန်ုပ်ထဲ ကိုယ်တော့်ကို ပို့လွှတ်

အချိန်တိုင်း ကယ်တင်ပေးနေ

ပျောက်သောသူထံ ကြွလာ ကယ်တင်

အပြစ်မှ ကယ်တင်ရုံမက

ဘုန်းတော်သို့ ကယ်တင်ပေးနေ။

Verse 3

သခင်သည် ယဇ်ပုရောဟိတ်ဖြစ်

စစ်မှန်သော အသက်ပေးသူ

အသက်သည် ကိုယ်တော့်သဘာဝ

အတ္တမှ မည်သူလွတ်နိုင်

အသက်တော် ပျက်စီးခြင်း ကင်းသည်

ဤအသက်ဖြင့် ပြည့်ဝကယ်တင်

ဘုရားတတ်နိုင်၊ ချီးမွမ်းစို့။

Verse 4

အသက်တော်ပြည့်ဝစုံလင်

ဘုန်းတော်သို့ ခေါ်ဆောင်ပေးပြီ

စုံစမ်းခံ အသက်တော် ဖြစ်ပေ

အခြားအရာ မရှိပြီ

အသက်တော်မြေကြီးပေါ်ရှင်စဉ်

မွေးဖွားခြင်းမှ သေခြင်းသို့လှမ်း

သေခြင်း၊ မရဏာဖြတ်ကျော်။

Verse 5

ပြည့်ဝကယ်တင်ရန် ကတိပေး

အသက်တော် ပြုပြင်ပေးနေ

ကျွန်ုပ်တို့တွက် ရာခပ်သိမ်းပြု

ကျွန်ုပ်တို့ စုံလင်လာရန်

ကျွန်ုပ်တို့ အသက်တာ ကျဆင်း

အသက်တော်သာ စုံစမ်းခံနိုင်

ပြည့်ဝကယ်တင်ခြင်းသို့ ဆောင်။

Verse 6

ကိုယ်တော်သက်ရှင် တောင်းလျှောက်ပေးနေ

အစဉ်မပြတ် ထာဝရ

ခေတ်ကာလထဲ ကိုယ်တော် ဆောင်ပေး

မပြောင်းလဲ ယဇ်ပုရောဟိတ်

တောင်းလျှောက်ပေးရန် အစဉ်သက်ရှင်

လိုအပ်ရာ ယဇ်ပုရောဟိတ်မင်း

ကောင်းကင်များထက် မြင့်တော်မူ။

Verse 7

ကိုယ်တော်ဖြင့် ဘုရားထံ ချဉ်းကပ်

ပျက်စီးခြင်းသို့ မရောက်ပြီ

အသက်ရရန် ထံတော်ချဉ်းကပ်

မှန်ကန်လှုပ်ရှားခြင်းရှိစေ

အသက်ယူရန် ထံတော်ချဉ်းကပ်

အသက်ဖြင့် လူမျိုးတော်ဖြစ်စေ

သေခြင်းကို အစဉ်ဝါးမျို။

Hymn details

Key: D Major

Audio