ကျွန်ုပ်တို့ ရွေးရာ မဟုတ်
အစေခံခြင်း-သခင်ဘုရား၏ဦးဆောင်ခြင်းအားဖြင့်
21
Verse 1
ကျွန်ုပ်တို့ ရွေးရာ မဟုတ်
ယေရှုဦးဆောင် လမ်းသို့သာ
ထိုအသက်ရေ စီးဆင်းရာ
မှောင်မိုက်အားလုံး နေ့သို့ပြောင်း။
Verse 2
ကျွန်ုပ်တို့ရွေးချယ်အလုပ်
သခင်ဘုရား ခွင့်မပြု
ငါတို့ မတောင်းသောအလုပ်
ကိုယ်တော့်တွက် နှိမ့်ချလုပ်ဆောင်။
Verse 3
ပလ္လင်တော်ရှေ့ ဒူးထောက်ချိန်
တောင်းလိုရာ ဆုတောင်းမပြု
ဝိညာဉ်တော်၏ ညည်းတွားခြင်း
လိုအပ်ရာ နက်နဲထိတွေ့။
Verse 4
ကိုယ်တော့်ယဇ်ပလလင်ပေါ်မှာ
ဆုကျေးဇူးချရန်မဟုတ်
စိတ်နှလုံး ကိုယ်တော့် ငြင်းလျှင်
ကိုယ်တော် မြွက်ဆို ''ငါလိုအပ်''။
Verse 5
ငါတို့သေကာ၊ သေလျက် ရှင်
သခင်နှင့်တူ ကောင်းကင်၌
စေခံ၊ ဆုတောင်း၊ ပေးအပ်ကြ
ခရစ်ကိုယ်တိုင် ဆုလာဘ်မြတ်။
Hymn details
Key: C Major
Audio