သခင် ခရစ်၏ အလုပ်သည်
အစေခံခြင်း-မြှုပ်နှံခံခြင်းအားဖြင့်
Verse 1
သခင် ခရစ်၏ အလုပ်သည်
ကျွန်ုပ်တို့ ရပ်တည်ရာ
ကိုယ်တော်၌သာ အောင်မြင်ခြင်းရှိ
ရန်သူကို နှိမ်နင်းရာ
ဂျုံမျိုးစေ့များ မကြီးထွားမီ
မြေကြီးအောက်မှာ မြှုပ်နှံခံရ
ဟောင်းသောအရာ ပျက်စီးသွားကာ
သစ်လွင် ကောင်းမြတ် အသက်ဖြစ်ပေါ်
ကျွန်ုပ်တို့ အတ္တနှင့် အပြစ်မှ လွတ်။
Verse 2
ဒုက္ခခံခြင်းဖြင့် အို ခရစ်
ပလလင်တော်သို့ တက်ကြွ
ယခုတွင် ထိုလမ်းဖြင့် ဦးဆောင်
ယုံကြည်၊ ချစ်ခြင်းရှိသူ
ဒုက္ခအားဖြင့် ဦးဆောင်မူပါ
ကောင်းကင် နိုင်ငံ မျှဝေနိုင်ရန်
စာတန်တန်ခိုး ရိုက်ချိုး သေခြင်း
သစ္စာရှိသူ အလင်းသို့ခေါ်
ထာဝရအလင်း၊ မှောင်မိုက်မှ အလင်း။
Verse 3
ကယ်တင်ရှင် လမ်းကို ဦးဆောင်ပါ
ဒုက္ခ၊ သေခြင်းအားဖြင့်
ပို၍ပေးပါ ဆုတောင်းကြရာ
ဝိညာဉ်တော် အသက်လေ
မြေနှင့်ပင်လယ်ပေါ် စေတမန်
ကိုယ်တော့်သားများကို ခေါ်ဆောင်ရန်
နာမတော် ကယ်တင်၊ လွတ်မြောက်စေ
ကျွန်ုပ်တို့ ထံတော်သို့ ဆက်ကပ်
ရဲရင့်၊ စစ်မှန် အစေခံ၊ စစ်သူရဲ။
Hymn details
Key: G Major
Audio