M538E1050KC538MT538

ချည်နှောင်ခြင်းနှင့် ဝမ်းနည်းမှောင်မိုက်မှ

ဧဝံဂေလိတရား - သခင်ဘုရားထံသို့ပြန်လာခြင်း

21

Verse 1

ချည်နှောင်ခြင်းနှင့် ဝမ်းနည်းမှောင်မိုက်မှ

ယေရှုထံသို့ ကျွန်ုပ်လာသည်

လွတ်လပ်ခြင်းနှင့် ဝမ်းမြောက်ခြင်းလမ်းသို့

ယေရှုကျွန်ုပ်လာပြီ

ဤရောဂါမှ ကျန်းမာခြင်းမြတ်သို့

ဆင်းရဲခြင်းမှ ဝပြောခြင်းရဖို့

ဒုစရိုက်များမှ ကိုယ်တော်ထံသို့

ယေရှုကျွန်ုပ်လာပြီ။

Verse 2

ကျွန်ုပ်ရှက်ကြောက်ခြင်း ဆုံးရှုံးခြင်းမှ

ယေရှုထံသို့ ကျွန်ုပ်လာသည်

တိုင်တော်ဖြင့်ရသော အောင်မြင်ခြင်းသို့

ယေရှု ကျွန်ုပ်လာပြီ

လောကဝမ်းနည်း ဘဝမုန်တိုင်းမှ

ကိုယ်တော်၏ ငြိမ်သက်ဝမ်းမြောက်ခြင်းသို့

ငိုကြွေးခြင်းမှ သီချင်းဆိုဖို့ရာ

ယေရှု ကျွန်ုပ်လာပြီ။

Verse 3

လောဘမာန ထောင်လွှားခြင်းထဲမှ

ယေရှုထံသို့ ကျွန်ုပ်လာသည်

အလိုတော်ကို အစဉ်လိုက်ဖို့ရန်

ယေရှု ကျွန်ုပ်လာပြီ

အတ္တထဲမှ မေတ္တာတော်မြတ်သို့

အားလျော့ခြင်းမှ ကိုယ်တော်ချီဆောင်ဘို့

ချိုးငှက်ကဲ့သို့ ပျံတက်နိုင်ဘို့ရန်

ယေရှု ကျွန်ုပ်လာပြီ။

Verse 4

စိုးရိမ်ထိတ်လန့်တုန်လှုပ် သေခြင်းမှ

ယေရှုထံသို့ ကျွန်ုပ်လာသည်

ကိုယ်တော်၏ ဝမ်းမြောက်ငြိမ်သက်ခြင်းသို့

ယေရှုကျွန်ုပ်လာပြီ

လွန်စွာပျက်စီး ယိုယွင်းခြင်းများမှ

ကိုယ်တော့်မေတ္တာဖြင့် ရစ်ပတ်ပေါင်းစည်း

ကိုယ်တော့်ဘုန်း မျက်နှာတော်မြဲမြင်ဘို့

ယေရှု ကျွန်ုပ်လာပြီ။

Hymn details

Key: G Major

Audio