ရှိသည့်အတိုင်း၊ တောင်းဆိုမပြု
ဧဝံဂေလိတရား - သခင်ဘုရားထံသို့ပြန်လာခြင်း
Verse 1
ရှိသည့်အတိုင်း၊ တောင်းဆိုမပြု
ကျွန်ုပ်အတွက် သွေးတော်သွန်းပြီ
ကိုယ်တော်ထံသို့ ခေါ်တော်မူ၏
ချဉ်းကပ်ပါသည် ဘုရားသိုးငယ်။
Verse 2
ရှိသည့်အတိုင်း မနှေးမဆိုင်း
စိတ်ရှိစွန်းကွက် ပြစ်ဆေးကြောရန်
ပြစ်ရှိသမျှ သွေးတော်ဆေးကြော
ချဉ်းကပ်ပါသည် ဘုရားသိုးငယ်။
Verse 3
ရှိသည့်အတိုင်း ရန်သူဝိုင်းလျက်
ဆိုင်ပြိုင်ခြင်းများ၊ သံသယများ
အတွင်းတိုက်ခိုက်၊ အပြင်ကြောက်ရွံ့
ချဉ်းကပ်ပါသည် ဘုရားသိုးငယ်။
Verse 4
ရှိသည့်အတိုင်း မိုက်မဲနွမ်းပါး
အလင်း၊ ကြွယ်ဝ၊ စိတ်ချမ်းသာခြင်း
လိုလေသမျှ ရအံ့သောငှာ
ချဉ်းကပ်ပါသည် ဘုရားသိုးငယ်။
Verse 5
ရှိသည့်အတိုင်း ကိုယ်တော်မြတ်သည်
လက်ခံပြစ်လွှတ် ဆေးကြောမူမည်
ကတိတော်ကို ကျွန်ုပ်ယုံသည်
ချဉ်းကပ်ပါသည် ဘုရားသိုးငယ်။
Verse 6
ရှိသည့်အတိုင်း မေတ္တာတော်ပင်
ဆီးတားသမျှ ပယ်ရှင်းပြီးလျှင်
ကိုယ်တော့်ဖို့သာ ဖြစ်မည်အစဉ်
ချဉ်းကပ်ပါသည် ဘုရားသိုးငယ်။
Hymn details
Key: D Major
Audio