ကြားရသောသူတိုင်း သတင်းတော်မြတ်လွှင့်ပါ
ဧဝံဂေလိတရား - တိုက်တွန်းနှိုးဆော်ခြင်း
Verse 1
ကြားရသောသူတိုင်း သတင်းတော်မြတ်လွှင့်ပါ
လောကတစ်လျှောက်လုံး၊ မင်္ဂလာသတင်းကြော်ငြာ
ဝမ်းမြောက်ဖွယ်သတင်း၊ လူတိုင်းတို့အားကြွေးကြော်
လာလိုသူတိုင်း လာကြလော့။
chorus
လာလိုသောသူတိုင်း၊ လာနိုင်ကြောင်းကြွေးကြော်
တောင်ပေါ်၊ တောင်ကြား ထိုသတင်းတော်မြတ်လွှင့်လော့
လမ်းလွဲသောသူအား၊ ချစ်ဖခင်ခေါ်မူလေ
လာလိုသူတိုင်းလာနိုင်ပေ။
Verse 2
လာလိုသောသူတိုင်း ဆိုင်း၍မနေလေရာ
တံခါးသည် ပွင့်နေစဉ် ဝင်လိုလျှင်ဝင်ပါ
ယေရှုရှင်သည် မှန်သောအသက်လမ်းဖြစ်ပေ
လာလိုသူတိုင်း လာနိုင်လေ။
chorus
လာလိုသောသူတိုင်း၊ လာနိုင်ကြောင်းကြွေးကြော်
တောင်ပေါ်၊ တောင်ကြား ထိုသတင်းတော်မြတ်လွှင့်လော့
လမ်းလွဲသောသူအား၊ ချစ်ဖခင်ခေါ်မူလေ
လာလိုသူတိုင်းလာနိုင်ပေ။
Verse 3
လာလိုသောသူဖို့ ကတိတော်မြတ် မြဲတည်
လာလိုသောသူသည် အစဉ်သည်းခံရမည်
လာလိုသောသူ ထာဝရအသက်ရချေ
လာလိုသူတိုင်း လာနိုင်ပေ။
chorus
လာလိုသောသူတိုင်း၊ လာနိုင်ကြောင်းကြွေးကြော်
တောင်ပေါ်၊ တောင်ကြား ထိုသတင်းတော်မြတ်လွှင့်လော့
လမ်းလွဲသောသူအား၊ ချစ်ဖခင်ခေါ်မူလေ
လာလိုသူတိုင်းလာနိုင်ပေ။
Hymn details
Key: C Major
Audio