M533E1031KC533MT533

ပြစ်နှိပ်စက်ခြင်း ခံသူတိုင်းလာ

ဧဝံဂေလိတရား - တိုက်တွန်းနှိုးဆော်ခြင်း

21

Verse 1

ပြစ်နှိပ်စက်ခြင်း ခံသူတိုင်းလာ

ကိုယ်တော်ကရုဏာရှိ

မိန့်တော်မြတ်ကို ယုံကြည်မူလျှင်

ငြိမ်းခြင်းအမှန်ရမည်။

chorus

ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ

ယခုယုံကြည်ပါ

သင်၏ အပြစ်မှ ကယ်ချွတ်မည်

ယခု ကယ်ချွတ်မည်။

Verse 2

အပြစ်မှကယ်နုတ်မူလိုငှာ

သွေးတော်မြတ် သွန်းမူပြီ

မိုးပွင့်ကဲ့သို့ ဖြူအောင်ဆေးလေ

သွေးတော်၌ နစ်မြုပ်ပါ။

chorus

ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ

ယခုယုံကြည်ပါ

သင်၏ အပြစ်မှ ကယ်ချွတ်မည်

ယခု ကယ်ချွတ်မည်။

Verse 3

ယေရှု သမ္မာတရား၊ လမ်းပေ

ငြိမ်သက်ခြင်းသို့ ပို့ဆောင်

ကိုယ်တော်ကို ယုံကြည်ဆိုင်းမနေ

သင်သည် မင်္ဂလာရှိ။

chorus

ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ

ယခုယုံကြည်ပါ

သင်၏ အပြစ်မှ ကယ်ချွတ်မည်

ယခု ကယ်ချွတ်မည်။

Verse 4

ဝင်ပါ သန့်ရှင်းသူ စည်းဝေးရာ

ဘုန်းတော်ခံရန်ချီတက်

ခရစ်တော်ရွေးနုတ်ခြင်း၌ တည်

ကောင်းမြတ်ခြင်းကို သိမြင်။

chorus

ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ

ယခုယုံကြည်ပါ

သင်၏ အပြစ်မှ ကယ်ချွတ်မည်

ယခု ကယ်ချွတ်မည်။

Hymn details

Key: G Major

Audio