M526E1006KC526MT526

သွေးတော်နှင့်ပြည့်သောတွင်းပွင့်ပြီ

ဧဝံဂေလိတရား - အသွေးတော်

21

Verse 1

သွေးတော်နှင့်ပြည့်သောတွင်းပွင့်ပြီ

ဧမာနွေလအသွေး

ထိုသွေးတော်၌ နစ်မြုပ်ပြစ်သား

အပြစ်နှင့်လွတ်ကင်းလေ

အပြစ်နှင့်လွတ်ကင်းလေ

အပြစ်နှင့်လွတ်ကင်းလေ

ထိုသွေးတော်၌ နစ်မြုပ်ပြစ်သား

အပြစ်နှင့်လွတ်ကင်းလေ။

Verse 2

တိုင်တော်၌ ဆွဲထားခံ ဓားပြ

ထိုတွင်းမြင်သော် ဝမ်းသာ

ငါပင်သူမျှ ဆိုးယုတ်သော်လည်း

အပြစ်များ ကင်းရှင်းရာ

အပြစ်များ ကင်းရှင်းရာ

အပြစ်များ ကင်းရှင်းရာ

ငါပင်သူမျှ ဆိုးယုတ်သော်လည်း

အပြစ်များ ကင်းရှင်းရာ။

Verse 3

သတ်ခြင်းခံသော အိုသိုးငယ်မြတ်

သွေးတော်တန်ခိုးမြဲတည်

အလုံးစုံ ဘုရားရွေးနှုတ်ယူ

အပြစ်ဖြေရှင်း ကယ်တင်

အပြစ်ဖြေရှင်း ကယ်တင်

အပြစ်ဖြေရှင်း ကယ်တင်

အလုံးစုံ ဘုရားရွေးနှုတ်ယူ

အပြစ်ဖြေရှင်း ကယ်တင်။

Verse 4

ဒဏ်ရာတော်က အသွေးယိုစီး

ယုံကြည်ခြင်း မြင်သည်မှ

ရွေးနှုတ်မေတ္တာတော် သီချင်းဆို

သေခြင်းတိုင်အောင် ဆိုမည်

သေခြင်းတိုင်အောင် ဆိုမည်

သေခြင်းတိုင်အောင် ဆိုမည်

ရွေးနှုတ်မေတ္တာတော် သီချင်းဆို

သေခြင်းတိုင်အောင် ဆိုမည်။

Verse 5

ထို့နောက် လေးဆွံ့အသော နှုတ်လျှာ

သင်္ချိုင်းတွင် တိတ်သော်လည်း

ကယ်တင်တန်ခိုး ဂုဏ်တော်အများ

မြင့်ကောင်းကင်ထိ ဆိုမည်

မြင့်ကောင်းကင်ထိ ဆိုမည်

မြင့်ကောင်းကင်ထိ ဆိုမည်

ကယ်တင်တန်ခိုး ဂုဏ်တော်အများ

မြင့်ကောင်းကင်ထိ ဆိုမည်။

Hymn details

Key: G Major

Audio