M525E999KC525MT525

အို ကယ်တင်ရှင် အသွေးတော်သွန်း

ဧဝံဂေလိတရား - ရွေးနုတ်ခြင်း

21

Verse 1

အို ကယ်တင်ရှင် အသွေးတော်သွန်း

ဘုန်းကြီးရှင် သေခံပြီ

ကျွန်ုပ်ကဲ့သို့ အပြစ်သားတွက်

သက်တော်မြတ်ကို စွန့်ရာ။

chorus

တိုင်တော်တွင်၊ တိုင်တော်တွင်

ပထမအလင်းမြင်

ကျွန်ုပ်နှလုံးမှ ဝန်ထုပ်လိမ့်သွား၏

ထိုမှာယုံခြင်းဖြင့် အလင်းကိုမြင်သည်

ယခု တစ်နေ့လုံး ဝမ်းမြောက်လျက်ရှိ။

Verse 2

ကျွန်ုပ်ပြုသော အပြစ်များတွက်

တိုင်တော်ပေါ်မှာ ခံခဲ့

အံ့သြဖွယ်ရာ ကျေးဇူးတော်နှင့်

မေတ္တာတော် တိုင်းဆမဲ့။

chorus

တိုင်တော်တွင်၊ တိုင်တော်တွင်

ပထမအလင်းမြင်

ကျွန်ုပ်နှလုံးမှ ဝန်ထုပ်လိမ့်သွား၏

ထိုမှာယုံခြင်းဖြင့် အလင်းကိုမြင်သည်

ယခု တစ်နေ့လုံး ဝမ်းမြောက်လျက်ရှိ။

Verse 3

နေမင်းထွန်းလင်း မှောင်မိုက်ပျောက်ကွယ်

ကိုယ်တော့် ဘုန်းတော်ထွန်းလင်း

ဘုန်းကြီးရှင် ခရစ်တော်သေခံ

ဖန်ဆင်းခံ လူသားတွက်။

chorus

တိုင်တော်တွင်၊ တိုင်တော်တွင်

ပထမအလင်းမြင်

ကျွန်ုပ်နှလုံးမှ ဝန်ထုပ်လိမ့်သွား၏

ထိုမှာယုံခြင်းဖြင့် အလင်းကိုမြင်သည်

ယခု တစ်နေ့လုံး ဝမ်းမြောက်လျက်ရှိ။

Verse 4

ကျွန်ုပ်ရှက်ကြောက် မျက်နှာဝှက်ထား

ကားတိုင်တော် ပေါ်ထွန်းချိန်

စိတ်နှလုံး၌ ကျေးဇူးတင်လှ

မျက်ရည်များ လျှံကျနေ။

chorus

တိုင်တော်တွင်၊ တိုင်တော်တွင်

ပထမအလင်းမြင်

ကျွန်ုပ်နှလုံးမှ ဝန်ထုပ်လိမ့်သွား၏

ထိုမှာယုံခြင်းဖြင့် အလင်းကိုမြင်သည်

ယခု တစ်နေ့လုံး ဝမ်းမြောက်လျက်ရှိ။

Verse 5

ပူဆွေးခြင်းဖြင့် မဆပ်နိုင်ပေ

ကျွန်ုပ်အပြစ်ကြွေးများ

ကျွန်ုပ်ဖြစ်ခြင်း ပေးအပ်ပါမည်

ဤရာ ကျွန်ုပ်တတ်နိုင်။

chorus

တိုင်တော်တွင်၊ တိုင်တော်တွင်

ပထမအလင်းမြင်

ကျွန်ုပ်နှလုံးမှ ဝန်ထုပ်လိမ့်သွား၏

ထိုမှာယုံခြင်းဖြင့် အလင်းကိုမြင်သည်

ယခု တစ်နေ့လုံး ဝမ်းမြောက်လျက်ရှိ။

Hymn details

Key: D Major

Audio