ကျွန်ုပ်ဘုရင် ပြန်လာနီးပြီ
ဘုန်းမျှော်လင့်ခြင်း - တောင့်တလျက်ဆုတောင်းလျက်
Verse 1
ကျွန်ုပ်ဘုရင် ပြန်လာနီးပြီ
ကောင်းကင် ကိုယ်တော်နှင့်ပြည့်
စကြာဝဠာကို ရွေးနှုတ်နီး
ကိုယ်တော့်အလင်းမြင်မည်
အကြံစည်တော် ပြီးပြည့်စုံနီး
ကိုယ်တော့်ခြေသံကြားပြီ
ကိုယ်တော့်ဘုန်းရောင်ခြည်မြင်ရပြီ
ကြွလာရန် စတင်ပြီ။
Verse 2
ရှေ့တော်မှောက် ကောင်းချီးကိုတောင့်တ
ပျင်းရိခြင်းမရှိပါ
ကိုယ်တော်ကြွလာရန် စောင့်မျှော်စဉ်
မေတ္တာများသာ တွေ့ရှိ
ကိုယ်တော်ကြွလာရန်သာမျှော်ရာ
ယုံကြည်ရာမှတွေ့မြင်
အခြားဝမ်းမြောက်ရာမရှိပါ
ကျွန်ုပ်ရွှင်လန်းရပြီ။
Verse 3
ကျွန်ုပ်နှလုံး ကိုယ်တော်နှင့်တူ
ကောင်းကင်ယံသာ မျှော်ကြည့်
ကျွန်ုပ်တို့နှုတ်ဖြင့် မြွက်ဆိုကာ
ကိုယ်တော်နှင့်မိတ်ဖွဲ့ရာ
ကိုယ်တော်ကြွလာခြင်းလွန်စွာနီး
ကျွန်ုပ်တွက် ပြန်ကြွလာ
ကတိတော်ပြီးပြည့်စုံခြင်းကို
ကျွန်ုပ်မြင်ရတော့မည်။
Verse 4
ကယ်တင်ရှင်၏သန့်ရှင်းနှုတ်တော်
သံသယမရှိပါ
တစ်နေ့ပြီးတစ်နေ့ ခွန်အားပေး
ဆုံးတိုင်သစ္စာစောင့်မည်
ကိုယ်တော့်ဘုန်းတော် ပေါ်ထွန်းမူပါ
ပလ္လင်တော်ပေါ်ခြေတင်
ကတိတော်ကို ကျွန်ုပ်နားလည်
ပလ္လင်တော်ပေါ် ချီဆောင်။
Verse 5
ကျွန်ုပ်အတွက် နားခိုရာမှာ
ကယ်တင်ရှင်ဘုရားသာ
ခမည်းတော်အဖြစ် စောင့်ထိန်းလာ
အားကိုးရာ ကိုယ်တော်သာ
သိုးထိန်းနှင့်သိုး တစ်လုံးတစ်ဝ
ဦးခေါင်းနှင့်ခန္ဓာတူ
ကိုယ်တော်ကို ကိုးစားသူများအား
လက်တော်မှ မနုတ်နိုင်။
Verse 6
လက်ပေါင်းတစ်ထောင် မတားဆီးနိုင်
မျက်လုံးတစ်သောင်းမနိုင်
လမ်းခရီးဆူးများဖုံးလွှမ်းလည်း
ဆုလာဘ်ပေါ် ကျွန်ုပ်မျှော်
ကျွန်ုပ်ဝိညာဉ်နှင့် စိတ်နိုးကာ
လောက၌ သက်ရှင်မည်
အသက်သခင် ချီဆောင်နီးပြီ
ကိုယ်တော်နှင့် မြင့်နေရာ။
Verse 7
ရောဂါငြိမ်းနေမင်း၊ မျှော်လင့်ရာ
ရောင်ခြည်တော်ကို ချစ်သည်
ဘုန်းကြီးဘုရင်၊ ဖြောင့်မတ်အရှင်
ကျွန်ုပ်ဦးညွတ်ဆုတောင်း
ကိုယ်တော်သည် ပလ္လင်ပေါ်တက်ကြွ
မျက်နှာတော်ပြမူမည်
ကောင်းကင်ဆိုင်ရာနိုင်ငံတော်တည်
ကျေးဇူးတော်ဝေငှပြီ။
Verse 8
သမ္မာတရားအောင်မြင်ဘုရင်
လွတ်မြောက်ခြင်းမိဖုရား
မုသာအရာ ပျောက်ကွယ်ကာသွား
လောက၏ ဦးခေါင်းမြင်
သမ္မာတရားလျင်မြန်ကြွပါ
ကောင်းကင်အလင်းထွန်းပါ
ရန်သူကို ချေမှုန်းဖျက်ဆီးပါ
ရင်ခွင်တော်၌သားများ။
Hymn details
Key: G Major
Audio