M505E958KC505MT505

ဗေသနိမှ ခွဲခွာခဲ့စဉ်ကတည်းက

ဘုန်းမျှော်လင့်ခြင်း - တောင့်တလျက်ဆုတောင်းလျက်

21

Verse 1

ဗေသနိမှ ခွဲခွာခဲ့စဉ်ကတည်းက

ကျွန်ုပ်နှလုံးလစ်ဟာခြင်းမကုန်ဆုံး

ဝမ်းနည်းခြင်းမှ မည်သို့စောင်းသံထွက်ပေါ်နိုင်

ကိုယ်တော်မပါလျှင် သီချင်းဝမ်းမြောက်ကင်း

ညချိန်ရောက်တိုင်း ကျွန်ုပ်တစ်ဦးတည်းအိပ်မရ

ပူဆွေး၊ ဝမ်းနည်းခြင်းများသာခံစားရ

ကိုယ်တော်ပြန်ကြွလာမည် ကတိတော်သံကြား

ကိုယ်တော်အဘယ်ကြောင့် မကြွလာဘဲနေသနည်း။

Verse 2

နွားစာခွက်ဖွားနည်းတူ-ကျွန်ုပ်လည်းအိမ်မဲ့

စိတ်မှလောကရာ ကားတိုင်ဖယ်ရှားပေး

ကြွလာတော်မူမည့် ကောင်းမြတ်နိုင်ငံတော်ကိုရှာ

ကိုယ်တော်သာလျှင် ကျွန်ုပ်အတွက်ပန်းတိုင်

ကိုယ်တော်မပါလျှင် ဝမ်းမြောက်ခြင်းများဆုံးရှုံး

ချိုမြိန်သီချင်းကို စဉ်ဆက်သယ်ဆောင်ရာ

ကိုယ်တော်မပါလျှင် လစ်ဟာခြင်းပြန်လွှမ်းမိုး

ကိုယ်တော်၊ နှောင့်နှေးမရှိကြွပါ ကျွန်ုပ်တောင့်တ။

Verse 3

ကိုယ်တော့်ချစ်ဖွယ်မျက်မှောက်တော်ကို သိသော်လည်း

စိတ်နှလုံးတွင် လစ်ဟာခြင်းခံစားဆဲ

အလင်းပေးခြင်း၊ ကြင်နာခြင်းဖြင့် မစလည်း

ကိုယ်တော်ကြွလာခြင်းသာ နှစ်သိမ့်ပေးနိုင်။

ငြိမ်သက်ခြင်းခံစားရလည်း အထီးကျန်ဆဲ

ဝမ်းမြောက်ခြင်းခံစားရလည်း သက်ပြင်းချ

ကျွန်ုပ်ကျေနပ်အားရသော တမ်းတခြင်းမှာ

မျက်နှာတော်ဖူးမြင်ခြင်းသာ အဆုံးစွန်ဖြစ်ရာ။

Verse 4

ပြည်နှင်ဒဏ်ခံ၊ အမိမြေကို သတိရ

မိမိလူမျိုးနှင့် ဆုံတွေ့ရန်တောင့်တ

ခြားရပ်၌ရှိစဉ် ဆွေမျိုးမေ့သူမရှိ

ချစ်သူကိုတမ်းတမဲ့သော ခွဲခွာကင်း။

အိုသခင်၊ ဤမြေကြီးချစ်ခြင်း၊ ပျော်ရွှင်ခြင်း

ကိုယ်တော်ပြန်ကြွလာခြင်းနှင့်နှိုင်းမရ

ဤနေရာ၌ရှိခြင်း၊ မျက်နှာတော်မျှော်ခြင်း

ကျွန်ုပ်မည်သို့တတ်နိုင် ကိုယ်တော်ကြွလာခြင်းမျှော်။

Verse 5

အိုသခင်၊ ကျွန်ုပ်ကို ချီဆောင်တော်မူရန်

ကြွလာမည့် ကတိတော်ကို မေ့နေလား

တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်စောင့်

မျှော်နေသော်လည်း၊ ကြွလာခြင်းမမြင်သေး။

ကိုယ်တော်ချစ်ဖွယ်ခြေလှမ်းဝေးလျက်ရှိစဉ်ပင်

စောင့်မျှော်ခဲ့သောနှစ်ပေါင်းများအောက်မေ့ပါ

ဘုန်းတော်ပြည့်ဖြင့် ကိုယ်တော်ကြွလာမည့်အချိန်

ကျွန်ုပ်မည်မျှထိ စောင့်မျှော်ရဦးမည်နည်း။

Verse 6

မျိုးနွယ်စဉ်ဆက်တစ်ဆက်ပြီးတစ်ဆက်တိုင်အောင်

ကိုယ်တော်သန့်ရှင်းသူများရောက်လာ၊ ပြန်သွား

ဘုန်းမျှော်ရာ ကတိတော်ပြည့်စုံခြင်းမမြင်

အချိန်ကာလကြာညောင်းလာခဲ့လေပြီ။

ခြေလှမ်းတော်ကို ကျွန်ုပ်တို့ပိုင်းခြားမရနည်း

ကောင်းကင်များနီးစွာ တံဆိပ်ခတ်လျက်ရှိ

ကိုယ်တော့်ဘုန်းထယ်ဝါခြင်း မဖွင့်ပြမချင်း

ကျွန်ုပ်တို့ကြာရှည်စောင့်မျှော်နေရဦးမည်ပင်။

Verse 7

စောင့်မျှော်ခဲ့သော နှစ်ပေါင်းများပြန်ဆင်ခြင်ရာ

ကျွန်ုပ်တစ်ဦးတည်း စောင့်နေခြင်းမဟုတ်

ချစ်ဖွယ်သန့်ရှင်းသူများနှင့်အတူစောင့်မျှော်

စိတ်အားထက်သန်စွာ ကြွလာခြင်းကိုမျှော်။

ကိုယ်တော်အလျင်အမြန်ကြွလာတော်မူရန်

ရေတွက်မရ မျက်ရည်များဖြင့်လျှောက်လဲ

ပဲ့တင်သံညံ ကိုယ်တော်ကြွလာတော်မူပါ

စုပေါင်းဟစ်ကြွေးသံကို အဖြေပေးကြွမူပါ။

Hymn details

Key: C Major

Audio