M484E905KC484MT484

အရှင်ဘုရား၊ ကိုယ်တော်အပါး

အစေခံခြင်း - သခင်ဘုရားနှင့်နီးကပ်စွာ လျှောက်လှမ်းခြင်း

21

Verse 1

အရှင်ဘုရား၊ ကိုယ်တော်အပါး

သွားလာလုပ်ဆောင် အခွင့်ပေးပါ

နက်နဲရာပြ ပင်ပန်းသောက

ခံနိုင်ခြင်းငှာ ခွန်အားပေးပါ။

Verse 2

စိတ်ခိုင်မာသူကို နှိုးခြင်းငှာ

မေတ္တာစကား ပြောစေမူပါ

လမ်းမှားသူတို့ အိမ်တော်ရောက်ရာ

လမ်းပြ၊ ပို့ဆောင်စေတော်မူပါ။

Verse 3

ခန္တီတော်ကို သင်ပြမူပါ

ယုံကြည်ခြင်းတည်စေ လုပ်ကိုင်ရာ

အဆိုးကိုအောင်သော မှီခိုခြင်း

ထံတော်၌ တိုးစေပါအစဉ်။

Verse 4

အသက်ထက်ဆုံး ထွန်းလင်းစေသော

မျှော်လင့်ခြင်းနှင့် ငြိမ်သက်ခြင်းပါ

ပေးပိုင်တော်မူသော ရှင်ဘုရား

ကိုယ်တော်၌ရှင်ရန် ခွင့်ပေးပါ။

Hymn details

Key: D Major

Audio