ဘုန်းကြီးဘုရင် ကျွန်ုပ်၌ရှိ
အစေခံခြင်း - သခင်ဘုရားနှင့်အတူ ကိန်းဝပ်ခြင်းအားဖြင့်
Verse 1
ဘုန်းကြီးဘုရင် ကျွန်ုပ်၌ရှိ
ကောင်းကင်များသည် ကိုယ်တော်ပလ္လင်
လောကအပေါ် ကိုယ်တော်အုပ်စိုး
နိုင်ငံတော်များကို ပိုင်တော်မူ
လူတို့နှင့်အတူ ကိုယ်တော်ကိန်း
ဒုက္ခကို မျှဝေခံစားပေး
ဘုရင်၏အမှုကို ဆောင်မည်
ကိုယ်တော့်ဝန်တာကို ထမ်းဆောင်မည်။
Verse 2
ဘုရင်ယေရှု၌ ကျွန်ုပ်တည်
ကိုယ်တော်ကိန်းနေရာကို တွေ့ပြီ
စိတ်နှလုံးတံခါးမြဲဖွင့်ထား
ဗိမာန်တော်နှင့်ပလ္လင်တော်ဖြစ်
မာရိကဲ့သို့ ခြေတော်ရင်းလာ
ယောဟန်ကဲ့သို့ ရင်ခွင်တော်လျောင်း
မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းပြည့်
ရင်ခွင်တော်၌ အစဉ်နားခို။
Verse 3
ဘုရင်နှင့်အတူ အမှုဆောင်
ဘုန်းကြီးသောကြံစည်တော်၌ရှိ
မြေကြီးပေါ် နိုင်ငံတော်ယူဆောင်
ကယ်တင်ခြင်းအကြောင်း ကြားပြောမည်၊
လောကသည် သူ့အကျိုးရပြီ
ထိုရာများကို အရှုံးထင်မှတ်
ကိုယ်တော်၏အမှုကိုဆောင်မည်
ကားတိုင်အကြောင်း ကျွန်ုပ်ဝေငှ။
Verse 4
ဘုရင်နှင့်အတူ အမှုဆောင်
ကိုယ်တော်၏အမှုတော်ဖြစ်လေ
ကျွန်ုပ်တွက် ကြံစည်ကာပြင်ဆင်
ကျွန်ုပ်၌ တန်ခိုးတော်ဖြည့်ပေး
တာဝန်သည် နှစ်သက်ဖွယ်ကောင်းလှ
ဆုတောင်း၊ သီချင်းဆို၊ ချီးမွမ်းမည်
ဘုရင်နှင့်အတူ အမှုဆောင်
ဘုရင်၏ခွန်အားဖြင့် လုပ်ဆောင်။
Verse 5
ဘုရင်နှင့်အတူ အမှုဆောင်
နေ့စဉ်တိုင်း ကိုယ်တော်၌လုပ်ဆောင်
ဘုရင်ကြွလာသည့်တိုင်အောင်ပင်
ကိုယ်တော်ဘုန်းတော်ဖြင့် ကြွလာနီး
ထိုခါ ကိုယ်တော်နှင့် ပွေ့ဖက်မည်
ကိုယ်တော်၌စဉ်မြဲသုံးခံမည်
ဘုရင်နှင့်တူကိန်းကာ မှုဆောင်
ထာဝရဝမ်းမြောက်မည်ဧကန်။
Hymn details
Key: D Major
Audio