ကိုယ်တော်ကိန်းနေရာ ချစ်မြတ်နိုး
အသင်းတော် - ဆွဲဆောင်ခြင်း
Verse 1
ကိုယ်တော်ကိန်းနေရာ ချစ်မြတ်နိုး
သင်းတော်သည် ကောင်းချီးဖြစ်
ဤရာသည် ကိုယ်တော်ရွှင်လန်းခြင်း
ကိုယ်တော်နားခိုနေရာ။
Verse 2
သင်းတော်တွက် ခန္ဓာကိုစတေး
သင်းတော်သည် ပြည့်စုံပြီ
သင်းတော်တွက် ကျွန်ုပ်ခန္ဓာပေး
ကိုယ်တော့်ကြံစည်ပြည့်ရန်။
Verse 3
သင်းတော်သည် ကိုယ်တော့်သက်ရပြီ
သင်းတော်သည် သက်ရှင်ပြီ
သင်းတော်တွက် ရာအားလုံးစွန့်မည်
သင်းတော်၌ ကိုယ်တော်ပြည့်။
Verse 4
ကိုယ်တော့် သတို့သမီးသင်းတော်
ကိုယ်တော်ခန္ဓာမြင်ပြီ
ကျွန်ုပ်၏ ဝမ်းမြောက်ရာသင်းတော်
သင်းတော်သာ လိုအပ်ရာ။
Verse 5
ကိုယ်တော်မစခြင်း သင်းတော်ပြည့်
ကိုယ်တော်နှင့်တူရှိပြီ
ကိုယ်တော်ဖြင့် သင်းတော်ကို ပိုင်ဆိုင်
ကိုယ်တော်ကို နှစ်သက်စေ။
Verse 6
ကိုယ်တော်ကိန်းနေရာ ချစ်မြတ်နိုး
ဤရာ ကိုယ်တော့်အိမ်တော်
ထိုနေရာ၌ ကျွန်ုပ်မြဲရှင်
ခြားရာ မလည်တော့ပါ။
Hymn details
စာသား: Witness Lee
သံစဉ်: Cuthbert Howard
Meter: 8.6.8.6.
Key: Eb Major
Time: 4/4
Audio