ကိုယ်တော်ကိန်းရာ လွန်စွာချစ်ဘွယ်
အသင်းတော် - ဆွဲဆောင်ခြင်း
Verse 1
ကိုယ်တော်ကိန်းရာ လွန်စွာချစ်ဘွယ်
ကိုယ်တော်နန်းတော် ကျွန်ုပ်တောင့်တ
ကိုယ်တော့်ရှေ့မှောက် ဝိညာဉ်တောင့်တ
ဤရာတွက် စိတ်နှလုံးငိုကြွေး။
Verse 2
ကိုယ်တော်မီးရှို့ရာ ယဇ်ပလ္လင်
မီးရှို့နံ့သာ ကောင်းချီးခံပြီ
စာငှက်ငယ်လေးသည် အိမ်ရှိ၍
ပျံလွှားလည်း အသိုက်တွက်ပြင်ဆင်။
Verse 3
စာငှက်ဖြစ် အားနည်းသောသူသည်
အိမ်တော်၌ သန့်ရှင်းနားခိုသည်
သွေးတော်ပေါ် ယုံကြည်စိတ်ချရ
နံ့သာကောင်းချီး ဝမ်းမြောက်ရပြီ။
Verse 4
လူသည် ထိုကောင်းချီးခံရပြီ
ကိုယ်တော့်ကို အားကိုးခွန်အားတိုး
ကျွန်ုပ်နှလုံး ဇိအုန်ထံသို့
ခရီးရှည်၊ ကြမ်း ကျွန်ုပ်မမှု။
Verse 5
ငိုကြွေးခြင်းလျှိုမြောင် ဖြတ်ကျော်ရာ
စမ်းရေတွင်းများ အဖြစ်ထင်မှတ်
ကောင်းချီးမိုးများ ရွာသွန်းပေးပြီ
ဘုရားကရုဏာ ပြောကြားမည်။
Verse 6
ခွန်အားမှ ခွန်အားသို့တက်လှမ်း
ဇိအုန်၌ ကိုယ်တော်နှင့်တူရန်
ကျွန်ုပ်ရှာဖွေရာ ကိုယ်တော်သာ
ကျေးဇူးတော်သာ ကျွန်ုပ်လိုရာ။
Verse 7
ကိုယ်တော့်နန်းတော် နေ့တစ်ရက်မှာ
ရက်ပေါင်းတစ်ထောင်ထက် ပိုကောင်းရာ
ယုတ်ညံ့တဲ၌ မကိန်းဝပ်ပါ
ကိုယ်တော်၌သာ ကျွန်ုပ်ရပ်တည်။
Verse 8
ကိုယ်တော်သည် နေမင်းနှင့်ဒိုင်းလွှား
ကျေးဇူးတော်နှင့် ဘုန်းတော်မစ
ကိုယ်တော်တိုင်၏ ရှေ့တော်မှောက်၌
ပြည့်ဝကျေနပ်ခြင်းသာ လိုရာ။
Verse 9
ဖြောင့်မတ်သူသည် ကောင်းရာကိုင်စွဲ
ကိုယ်တော်သည် ထိုကဲ့သို့ မပြု
ကိုယ်တော်၌ ကိုးစား ကောင်းချီးဖြစ်
ကျေးဇူးတော်နှင့် ဘုန်းတော်များပြား။
Hymn details
စာသား: Witness Lee
သံစဉ်: Francis Duckworth
Meter: 8.8.8.8.
Key: F Major
Time: 4/4
Audio