နံနက်ခင်းနှင်းကဲ့သို့လန်းဆန်း
ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - မျှော်လင့်ခြင်းခရစ်တော်အားဖြင့်
Verse 1
နံနက်ခင်းနှင်းကဲ့သို့လန်းဆန်း
ချိုမြိန်နားခိုခြင်းဆောင်လာ
ခရစ်တော်ညင်သာဘိသိက်ပေး
နှစ်သိမ့်စကားတိုးညှင်းကြား
ရပ်တည် စစ်ဆေးခြင်းပြီးသည့်တိုင်
ရပ်တည် မုန်တိုင်းစဲသည့်တိုင်
ရပ်တည် ယေရှု၏ဘုန်းတော်တွက်
ရပ်တည် နိုင်ငံတော်တည်တိုင်။
chorus
မျှော်လင့်ခြင်း၏အရှင်၊ သံတော်ချိုမြိန်
ဝမ်းမြောက်စေစိတ်နှလုံး၊ မျက်မှောက်တော်ဝယ်။
Verse 2
ဒုက္ခခံခြင်းစစ်ဆေးခြင်း၌
ဝိညာဉ်၊ စိတ်နှလုံး အားနည်း
မျှော်လင့်ခြင်းအလင်းမှေးမှိန်သွား
လုံးစုံကွယ်ပျောက်သွားခဲ့ရာ
ကိုယ်တော့်ယုံကြည်ခြင်း၊ သက်တန်ခိုး
ပြည့်ဝလွှမ်းခြုံပေးမူပြီ
ကိုယ်တော်ကြွယ်ဝခြင်းဘုန်းတော်များ
မျှဝေခံစားထာဝရ။
chorus
မျှော်လင့်ခြင်း၏အရှင်၊ သံတော်ချိုမြိန်
ဝမ်းမြောက်စေစိတ်နှလုံး၊ မျက်မှောက်တော်ဝယ်။
Verse 3
နံနက်နေမင်းသခင်ပေါ်ထွန်း
မှောင်မိုက်များဖယ်ရှားအဝေး
ရောဂါငြိမ်းစေသောအတောင်တော်
ညမှနေ့သို့ ပြောင်းလဲပေး
ကြွပါ၊ နှစ်သိမ့်ပေးသောအရှင်
ကြွပါ၊ စိတ်နှလုံးပင်ပန်း
ကြွပါ၊ ဘုန်းမျှော်လင့်ခြင်းကောင်းချီး
ထွက်မသွားဘဲအမြဲတည်။
chorus
မျှော်လင့်ခြင်း၏အရှင်၊ သံတော်ချိုမြိန်
ဝမ်းမြောက်စေစိတ်နှလုံး၊ မျက်မှောက်တော်ဝယ်။
Hymn details
စာသား: Witness Lee
သံစဉ်: Septimus Winner
Meter: 8.7.8.7.D. with chorus.
Key: C Major
Time: 3/4
Audio