M397E707KC397MT397

မြေကြီးပေါ်မှာ ဒုက္ခဆင်းရဲရောက်သောခါ

ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - သခင်ဘုရား၏ကောင်းချီးများအားဖြင့်

21

Verse 1

မြေကြီးပေါ်မှာ ဒုက္ခဆင်းရဲရောက်သောခါ

မျှော်လင့်ခြင်းကင်း စိတ်ပျက်ခြင်းကိုခံရလျှင်

ခံစားရာကောင်းချီးမင်္ဂလာ ရေတွက်ပါ

ပြုတော်မူသောကျေးဇူးတော် အံ့သြလိမ့်မည်။

chorus

ကောင်းချီးတစ်ခု နောက်တစ်ခုရေတွက်

ပြုတော်မူသော ကျေးဇူးတော်ရေတွက်

ကောင်းချီးရေတွက် တစ်ခုနောက်တစ်ခု

ပြုတော်မူသော ကျေးဇူးတော် အံ့သြလိမ့်မည်။

Verse 2

ကြောင့်ကြဝန်ထုပ်ကို သင်သည် ထမ်းရသလား

သင်ထမ်းရသော လက်ဝါးကပ်တိုင် လေးသလား

ခံစားရာကောင်းချီးမင်္ဂလာ ရေတွက်ပါ

ယုံမှားခြင်းကင်းသီချင်းကို သင်ဆိုလိမ့်မည်။

chorus

ကောင်းချီးတစ်ခု နောက်တစ်ခုရေတွက်

ပြုတော်မူသော ကျေးဇူးတော်ရေတွက်

ကောင်းချီးရေတွက် တစ်ခုနောက်တစ်ခု

ပြုတော်မူသော ကျေးဇူးတော် အံ့သြလိမ့်မည်။

Verse 3

ကောင်းစားသောသူများကို သင်သည် မြင်သောခါ

ကိုယ်တော်ထားသော ကတိတော်ကို အောက်မေ့ပါ

ခံစားရာကောင်းချီးမင်္ဂလာ ရေတွက်ပါ

စည်းစိမ်ဖြင့် ကောင်းကင်ချမ်းသာ မဝယ်နိုင်ပါ။

chorus

ကောင်းချီးတစ်ခု နောက်တစ်ခုရေတွက်

ပြုတော်မူသော ကျေးဇူးတော်ရေတွက်

ကောင်းချီးရေတွက် တစ်ခုနောက်တစ်ခု

ပြုတော်မူသော ကျေးဇူးတော် အံ့သြလိမ့်မည်။

Verse 4

ဆင်းရဲဒုက္ခမျိုးမျိုးကို ခံရသောခါ

စိတ်မပျက်ရာ ကိုယ်တော်ကိုသာ အားကိုးပါ

ခံစားရာကောင်းချီးမင်္ဂလာ ရေတွက်ပါ

လမ်းဆုံးတိုင်အောင် သင့်ကို စောင့်မပို့ဆောင်မည်။

chorus

ကောင်းချီးတစ်ခု နောက်တစ်ခုရေတွက်

ပြုတော်မူသော ကျေးဇူးတော်ရေတွက်

ကောင်းချီးရေတွက် တစ်ခုနောက်တစ်ခု

ပြုတော်မူသော ကျေးဇူးတော် အံ့သြလိမ့်မည်။

Hymn details

စာသား: Johnson Oatman Jr.

သံစဉ်: Edwin Othello Excell

Meter: 11.11.11.11. with chorus.

Key: D Major

Time: 2/4

Audio