M365E608KC365MT365

ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်နက်နဲလှ

ဘုရားသခင်ကို တွေ့ကြုံခံစားခြင်း - သုံးပါးတစ်ပါးဘုရားဖြင့်

21

Verse 1

ခမည်းတော်၊ သားတော်၊ ဝိညာဉ်တော်နက်နဲလှ

သုံးပါးဘုရား-တစ်ပါးတည်းဖြစ်မူ၏

မည်မျှဘုန်းထင်၊ ဤဘုရားသည် သားတော်၌

ဝိညာဉ်တော်ဖြင့် ကျွန်ုပ်တို့၌ ကိန်းဝပ်။

chorus

သုံးပါးတစ်ပါးဘုရားသည် ရာခပ်သိမ်း

မည်မျှအံ့ဖွယ်၊ မည်မျှဘုန်းထင်

ဤကျေးဇူးသည် ဘယ်ခါမျှမကုန်ဆုံး

မည်မျှထူးမြတ်၊ မည်မျှအံ့ဖွယ်။

Verse 2

ခမည်းတော်သည် သက်စမ်းရေ၏အရင်းမြစ်

ကြွယ်ဝခြင်းများ လူသားစံစားဖို့ရန်

ချပေးကောင်းချီး ဘယ်ခါမျှမကုန်မဆုံး

ယခုမှစ ထာဝရခံစားမည်။

chorus

သုံးပါးတစ်ပါးဘုရားသည် ရာခပ်သိမ်း

မည်မျှအံ့ဖွယ်၊ မည်မျှဘုန်းထင်

ဤကျေးဇူးသည် ဘယ်ခါမျှမကုန်ဆုံး

မည်မျှထူးမြတ်၊ မည်မျှအံ့ဖွယ်။

Verse 3

သားတော်ဖြစ်ခြင်း ဘုရား၏ထင်ရှားခြင်းဖြစ်

အသွေးသား၌ လူ့ဇာတိကိုခံယူ

ပြီးမြောက်ပြည့်စုံသောရွေးနုတ်ခြင်းအမှုပြု

ဘုရားနှင့်လူ တစ်လုံးတစ်ဝဖြစ်ရ။

chorus

သုံးပါးတစ်ပါးဘုရားသည် ရာခပ်သိမ်း

မည်မျှအံ့ဖွယ်၊ မည်မျှဘုန်းထင်

ဤကျေးဇူးသည် ဘယ်ခါမျှမကုန်ဆုံး

မည်မျှထူးမြတ်၊ မည်မျှအံ့ဖွယ်။

Verse 4

ဝိညာဉ်တော်သည် သားတော်၏ဘုန်းပွင့်ခြင်းဖြစ်

အသက်အဖြစ် ကျွန်ုပ်တို့ထဲဝင်ရောက်

ဝိညာဉ်တော်နှင့်ကျွန်ုပ်တို့ဝိညာဉ်ပေါင်းစည်း

တစ်လုံးတစ်ဝဖြစ်၍ ဝမ်းမြောက်ရပြီ။

chorus

သုံးပါးတစ်ပါးဘုရားသည် ရာခပ်သိမ်း

မည်မျှအံ့ဖွယ်၊ မည်မျှဘုန်းထင်

ဤကျေးဇူးသည် ဘယ်ခါမျှမကုန်ဆုံး

မည်မျှထူးမြတ်၊ မည်မျှအံ့ဖွယ်။

Verse 5

ဘုရားရှင်သည် ခုဝိညာဉ်တော်ဖြစ်မူ၏

နေ့စဉ်သက်တာ ကျွန်ုပ်တို့ခံစားရ

ဘုရားရှင်နှင့်ကျွန်ုပ်တို့ တစ်ဝိညာဉ်တည်း

အသက်၌ မည်သို့မျှခြားနားမရှိ။

chorus

သုံးပါးတစ်ပါးဘုရားသည် ရာခပ်သိမ်း

မည်မျှအံ့ဖွယ်၊ မည်မျှဘုန်းထင်

ဤကျေးဇူးသည် ဘယ်ခါမျှမကုန်ဆုံး

မည်မျှထူးမြတ်၊ မည်မျှအံ့ဖွယ်။

Hymn details

စာသား: Witness Lee

သံစဉ်: Swedish folk melody

Meter: 11.10.11.10. with chorus.

Key: B Major

Time: 4/4

Audio