M364E607KC364MT364

လွန်ခဲ့ကာလ ကိုယ်တော်မြတ်သည်

ဘုရားသခင်ကို တွေ့ကြုံခံစားခြင်း - ကိန်းဝပ်ရာနေရာ

21

Verse 1

လွန်ခဲ့ကာလ ကိုယ်တော်မြတ်သည်

ကျွန်ုပ်တို့ ခိုလှုံရာ

လေပြင်းကျသော် ကွယ်ကာမူလျက်

နေတော်မူ၏ဘုရား။

Verse 2

ပလ္လင်တော်၏ အရိပ်အောက်တွင်

လုံခြုံစွာနေရပြီ

လက်ရုံးတော်ကို ဆန့်တော်မူလျှင်

ဘေးကင်း၍ နေလိမ့်မည်။

Verse 3

မြေကြီးလွတ်လပ်လဟာဖြစ်၍

တောင်များမပေါ်မီခင်

ထာဝရတည်နေသော ဘုရား

ပြောင်းလဲခြင်း အစဉ်ကင်း။

Verse 4

အနှစ်တစ်ထောင်သည် လွန်ပြီးသော

မနေ့ကကဲ့သို့ဖြစ်၏

ညဉ့်ယံတယံကဲ့သို့ ကိုယ်တော်

မှတ်တော်မူလေသတည်း။

Verse 5

အချင်းလူသားအမျိုးမျိုးတို့

မြေကြီးသို့ ပြန်ရောက်၍

မြေမှုန့်ဖြစ်လျက် ကြေမွစေလော့

ကိုယ်တော် မိန့်တော်မူပေ။

Verse 6

လွန်ခဲ့ကာလ ကိုယ်တော်မြတ်သည်

ကျွန်ုပ်တို့ ခိုလှုံရာ

နောင်လာလတံ့ လုံခြုံရာသည်

ထာဝရ အိမ်တော်တည်း။

Hymn details

စာသား: Issac Watts

သံစဉ်: William Croft

Meter: 8.6.8.6.

Key: C Major

Time: 4/4

Audio