M33E33KC33MT33

ဖန်ဆင်းခြင်းမပြုမီကပင်

ခမည်းတော်ကို ကိုးကွယ်ခြင်း - ရွေးကောက်တော်မူခြင်း

21

Verse 1

ဖန်ဆင်းခြင်းမပြုမီကပင်

ကျွန်ုပ်တို့ကို ရွေးချယ်ထား

မည်မျှနက်နဲ မေတ္တာလှုပ်ရှား

ခရစ်တော်ထံ ပို့ဆောင်ပေး

စောင့်ထိန်းမူပြီ၊ စောင့်ထိန်းမူပြီ

ခရစ်တော်၌ ခိုင်ခံ့စေ

ခရစ်တော်၌ ခိုင်ခံ့စေ။

Verse 2

လောကသည် အစဉ်ပြောင်းလဲနေ

ဘုရားသည် ပြောင်းလဲခြင်းကင်း

ကိုယ်တော့်မေတ္တာနှင့်ပဋိညာဉ်

ကာလစဉ်ဆက် တည်မြဲနေ

ဘုရားသားများ၊ ဘုရားသားများ

နာမတော်ကို စဉ်ချီးမွမ်း

နာမတော်ကို စဉ်ချီးမွမ်း။

Verse 3

မေတ္တာတော်သည် ကျွန်ုပ်ဝတ္ထု

သက်တာလုံး ကျွန်ုပ်၀ါကြွား

ကရုဏာတော် စဉ်ဆက်တည်မြဲ

ကိုယ်တော်အစဉ်လမ်းပြပေး

ချစ်တော်မူပြီ၊ ချစ်တော်မူပြီ

တစ်ပါးတည်းသားတော်ကို စွန့်

တစ်ပါးတည်းသားတော်ကို စွန့်။

Verse 4

မေတ္တာတော်အဖရှေ့မှောက်တွင်

ကျွန်ုပ်တို့ စဉ်မြဲချီးမွမ်း

သားတော်ကို ဖူးမြင်ရသည့်တိုင်

ပြတ်မလပ်ချီးမွမ်းကျူးဧ

ဘုရားသခင်နှင့် သိုးသငယ်

ဘုန်းကြီးပါစေ၊ ဘုန်းကြီးစေ

ဘုန်းကြီးပါစေ၊ ဘုန်းကြီးစေ။

Hymn details

စာသား: Chinese, Translated by Francis P.Jones

သံစဉ်: John Hughes

Meter: 8.7.8.7.8.7.

Key: F Major

Time: 4/4

Audio