M32E32KC32MT32

အဖကို ပြပ်ဝပ်ကိုးကွယ်ကြ

ခမည်းတော်ကို ကိုးကွယ်ခြင်း - ကြံစည်ရည်ရွယ်ချက်

21

Verse 1

အဖကို ပြပ်ဝပ်ကိုးကွယ်ကြ

အံ့ဖွယ်မေတ္တာတော်ကို မိန်းမော

ကိုယ်တော်တွက် လူသားမည်ရာနည်း

ကြွယ်ဝကျေးဇူးတော်ပြဖော်ပြီ။

Verse 2

စိတ်နှလုံးကြံစည်တော်ချီးမွမ်း

လူသည် သဏ္ဌာန်တော်၌ တူညီ

အသက်၊ သဘောတော်ဖြည့်ခံကာ

သဏ္ဌာန်တော်ကို ထင်ရှားစေရန်။

Verse 3

လူကို သဏ္ဌာန်တော်၌ ဖန်ဆင်း

အုပ်စိုးခြင်းအာဏာတော်ရှိရန်

လူအား ဘုရားအသက်ကိုပေး

ဘုရားကြွယ်ဝခြင်းသက်ရှင်ရန်။

Verse 4

အလိုတော်ဖြင့် လူ့ဇာတိယူ

ကျေးဇူးတော်နှင့်ရောနှောပေါင်းစည်း

သဏ္ဌာန်ပြောင်းလဲ၊ တည်ဆောက်ခံလူ

ကိုယ်တော့်ကိန်းဝပ်နေရာဖြစ်စေ။

Verse 5

လူကျဆင်းလည်း စွန့်ပစ်မသွား

ကြံစည်တော်အတိုင်း လုပ်ဆောင်မူ

လူကို ရွေးနုတ်ခြင်းဖြင့် ရယူ

မေတ္တာတော်၊ ပညာတော်သက်သေ။

Verse 6

ခရစ်တော်၌ ကိုယ်တော်ဖွင့်ပြ

သေခံထမြောက်သောရွေးနုတ်ခြင်း

ဝိညာဉ်တော်ဖြစ် လူထဲဝင်ရောက်

အသက်နှင့်ကျေးဇူးတော်ဆောင်သွင်း။

Verse 7

ဝိညာဉ်သည် သန့်ရှင်းဆုံးဌာန

ကျေးဇူးတော်ပလ္လင်တော်တည်ရှိ

ကျွန်ုပ်တို့ဝိညာဉ်ထံပြန်လာ

ဆုတောင်းခြင်း-နံ့သာမီးရှို့ခြင်း။

Verse 8

ကျေးဇူးတော်မြစ်ရေပြည့်စီးဆင်း

ကျေးဇူးတော်ပလ္လင်မှစီးဆင်း

စီးဆင်းကာ ပုံသဏ္ဌာန်ပြောင်းပေး

အိမ်တော်အဖြစ် တည်ဆောက်ပေးနေ။

Verse 9

အတုမဲ့ကျေးဇူးတော်လက်ခံ

အံ့ဖွယ်ခမဲ့ဘုရားလက်ဆောင်

ကြီးမားမေတ္တာတော်ကျေးဇူးတင်

ဝိညာဉ်၌ ဘုရားကို ကိုးကွယ်။

Hymn details

စာသား: Witness Lee

သံစဉ်: William Knapp

Meter: 8.8.8.8.

Key: Ab Major

Time: 3/4

Audio