M320E548KC320MT320

မြေတန်ဆာ ကျွန်ုပ်ပြုခံ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်ကိုထည့်ခံခြင်း

21

Verse 1

မြေတန်ဆာ ကျွန်ုပ်ပြုခံ

ကျွန်ုပ်၌ ဘဏ္ဍာတော်ရှိ

ကိုယ်တော့်ထည့်စရာဖြစ်ကာ

ကျွန်ုပ်၌ ကိုယ်တော်ထည့်ဝင်။

Verse 2

သဏ္ဌာန်တော်အညီပြုခံ

ခရစ်တော်ကို ထည့်ခံရန်

ထည့်စရာအဖြစ်ပြုခံ

ကိုယ်တော်ကို ထည့်ဝင်ခြင်းခံ။

Verse 3

ကျွန်ုပ်ဝိညာဉ်၌ ကိုယ်တော်

တန်ခိုးတော်ပြည့်ဝစုံလင်

ကိုယ်တော်နှင့်တစ်ဝိညာဉ်တည်း

ကျွန်ုပ်စစ်မှန်ခြင်းကိုယ်တော်။

Verse 4

နေ့စဉ်ကျွန်ုပ်၌ လှုပ်ရှား

ကျွန်ုပ်နှင့်ရောနှောပေါင်းစည်း

ခြေလှမ်းတိုင်း ကိုယ်တော်စောင်မ

နေရာနှံ့ ကိုယ်တော်ပျံ့နှံ့။

Verse 5

အတွင်းမှ ကိုယ်တော်ထင်ရှား

တစ်ပါးသူကို မြင်စေရာ

ထွင်းဖောက်မြင် ကျွန်ုပ်ဖြစ်လာ

ကျွန်ုပ်ဖြင့် ကိုယ်တော်ထင်ရှား။

Verse 6

ပုံသဏ္ဌာန်ပြောင်းလဲရန်လို

များစွာချိုးဖဲ့ခြင်းခံလျှင်

မြေမှုန့်သည် သဏ္ဌာန်ပြောင်းကာ

ဖိုးထိုက်ဘဏ္ဍာတော်ဖြစ်လာ။

Hymn details

စာသား: Witness Lee

သံစဉ်: Anon.

Meter: 7.7.7.7.

Key: F Major

Time: 4/4

Audio